ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးထိုးရန် လုပ်ဆောင်ပုံအဆင့်များ

ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးထိုးခြင်းကို အခမဲ့ ခံယူနိုင်ပါတယ်။
ဖမ်းဆီးထိန်းသိမ်းမှုမှ ယာယီကင်းလွတ်ခွင့်ပြုချက် (ခါလီဟိုးမဲန်း) ရှိသူစတဲ့ နေထိုင်သူစာရင်း (ဂျူးမင်းဟျော) မရှိတဲ့ နိုင်ငံခြားသားတွေလည်း ဆေးထိုးမှု ခံယူနိုင်ပါတယ်။

❶ ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့ကနေ “ 「ဆက်ရှုကဲန် (ကူပွန်ကဲန်)」(ဆေးထိုးရန်လက်မှတ် (ကူပွန်စာရွက်))” နဲ့ “ ကိုရိုနာဗိုင်းရပ်စ် အမျိုးအစားသစ် ကာကွယ်ဆေးထိုးရန် အသိပေးစာ” ရောက်လာပါမယ်

ဆေးထိုးရန်လက်မှတ် လက်ခံရရှိတဲ့ ကာလဟာ မြို့ရွာအလိုက်၊ အသက်အရွယ်အလိုက် ကွဲပြားပါတယ်။
နေထိုင်သူစာရင်း မရှိတဲ့ နိုင်ငံခြားသားအနေနဲ့ မိမိရဲ့လိပ်စာကို အတည်ပြုနိုင်တဲ့အရာကို ပြပြီး နေထိုင်ရာ မြို့ရွာအုပ်ချုပ်ရေးရုံးမှာ တိုင်ပင်ဆွေးနွေးပါ။

ဆေးထိုးရန်လက်မှတ် နမူနာ (ကိုဘေးမြို့ပုံစံ။ ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့အလိုက် ဒီဇိုင်းပုံစံ ကွဲပြားပါတယ်။ )

bur

❷ ပထမအကြိမ် ဆေးထိုးမှု ခံယူဖို့ ကြိုတင်စာရင်းပေးပါ

ကာကွယ်ဆေးကို ၂ ကြိမ် ထိုးရပါမယ်။ အရင်ဆုံး ပထမအကြိမ်အတွက် ကြိုတင်စာရင်းပေးပါမယ်။

ကြိုတင်စာရင်းပေးနည်း

・ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့က ဖွင့်ထားတဲ့ နေရာမှာ ဆေးထိုးမယ်ဆိုရင် –
ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့ရဲ့ ကြိုတင်စာရင်းပေးတဲ့ အင်တာနက်စာမျက်နှာကနေ ကြိုတင်စာရင်းပေးပါ။ ဒါမှမဟုတ် ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့ရဲ့ တယ်လီဖုန်းစင်တာကို ဆက်သွယ် စာရင်းပေးပါ။
ဆေးထိုးရန်အသိပေးစာမှာ ကြိုတင်စာရင်းပေးတဲ့ အင်တာနက်စာမျက်နှာ လိပ်စာ URL ၊ QR code နဲ့ တယ်လီဖုန်း စင်တာ ဖုန်းနံပါတ်တွေ ရေးထားပါတယ်။

・ဆေးကုသရေးဌာန အသီးသီး (အမြဲပြနေကျ ဆေးရုံစသဖြင့်) တွေမှာ ဆေးထိုးမယ်ဆိုရင် –
ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့အလိုက် ကြိုတင်စာရင်းပေးနည်း မတူတဲ့အတွက် အသိပေးစာနဲ့ အုပ်ချုပ်ရေးအဖွဲ့ရဲ့ အင်တာနက်စာမျက်နှာတွေကို ကြည့်ရှုပါ။
ဆေးကုသရေးဌာနတွေကို (အင်တာနက်၊ ဒါမှမဟုတ် တယ်လီဖုန်းနဲ့) တိုက်ရိုက်ကြိုတင်စာရင်းပေးနည်းနဲ့
ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့ရဲ့ ကြိုတင်စာရင်းပေးနည်းတွေ ရှိပါတယ်။

ကာကွယ်ဆေးထိုးနိုင်တဲ့ ဆေးကုသရေးဌာနတွေကို အောက်ပါ အင်တာနက်စာမျက်နှာတွေမှာ ရှာဖွေနိုင်ပါတယ်။
ဂျပန်ဘာသာစကား-https://v-sys.mhlw.go.jp/search/
အင်္ဂလိပ်ဘာသာစကား-https://v-sys.mhlw.go.jp/en/search/

ဒါ့အပြင် လုပ်ငန်းခွင်နဲ့ တက်ရောက်နေတဲ့ တက္ကသိုလ်တွေမှာလည်း ကာကွယ်ဆေးထိုးမှု ခံယူနိုင်ဖွယ်ရှိပါတယ်။

※ ၁ နေရာထက်ပိုပြီး ကြိုတင်စာရင်းမပေးဖို့ သတိပြုပါ။
※ ကြိုတင်စာရင်းပေးနည်းနဲ့ လုပ်ဆောင်ပုံအဆင့်တွေ နောက်ပိုင်းမှာ ပြောင်းလဲမှုရှိလာနိုင်ပါတယ်။

❸ ပထမအကြိမ် ကာကွယ်ဆေးထိုးမှု ခံယူပါ

ယူဆောင်သွားရမယ့်အရာများ- ဆေးထိုးရန်လက်မှတ်၊ ကာယကံရှင်ဖြစ်ကြောင်း အတည်ပြုနိုင်တဲ့ စာရွက်စာတမ်း (ဇိုင်းလျူးကာ့ဒို (နေထိုင်သူ ကတ်ပြား)၊ နိုင်ငံကူးလက်မှတ်၊ မိုင်နမ်ဘာ ကာ့ဒို (မိုင်နမ်ဘာ ကတ်ပြား) စသဖြင့်)
ကျန်းမာရေးဆိုင်ရာ ကြိုတင်မေးမြန်းချက်ဇယား (ဆေးထိုးရန်လက်မှတ်နဲ့ တစ်ပါတည်း ရောက်လာမှာဖြစ်လို့ ရေးဖြည့်ထားပါ။ နမူနာယူနိုင်ဖို့ ဘာသာစကားပေါင်းစုံပုံစံတွေကို အောက်ပါ အင်တာနက်စာမျက်နှာမှာ လေ့လာပါ။)
https://www.mhlw.go.jp/stf/seisakunitsuite/bunya/vaccine_tagengo.html

❹ ဒုတိယအကြိမ် ကာကွယ်ဆေးထိုးဖို့ ကြိုတင် စာရင်းပေးပါ

❺ ဒုတိယအကြိမ် ကာကွယ်ဆေးထိုးမှု ခံယူပါ

ကာကွယ်ဆေးထိုးပြီးနောက် သတိပြုရန်

ကာကွယ်ဆေးထိုးပြီးတဲ့အခါ အဲဒီနေရာမှာ ၁၅ မိနစ်ကနေ မိနစ် ၃၀ စောင့်နေပါ။

ကာကွယ်ဆေးထိုးပြီးနောက် နေထိုင်မကောင်းဖြစ်တတ်ပါတယ်။
ဝေဒနာ ပြင်းထန်တဲ့အခါ၊ ရက်အတန်ကြာတဲ့အထိ ပြန်မကောင်းတဲ့အခါတွေမှာ ဆေးကုသရေးဌာနနဲ့ တိုင်ပင်ဆွေးနွေးပါ။

ကာကွယ်ဆေးထိုးပြီးရင်လည်း ပါးစပ်နဲ့နှာခေါင်းစည်း (မာ့စ်ခ်) တပ်တာလို ကူးစက်မှု တားဆီးရေးဆောင်ရွက်ချက်တွေကို ဆက်ပြီးလုပ်ဆောင်ပါ။

စုံစမ်းမေးမြန်းရန်

ကာကွယ်ဆေးနဲ့ ပတ်သက်တဲ့ အခြေခံအကြောင်းအရာတွေနဲ့ ပတ်သက်ပြီး-
ကျန်းမာရေးနဲ့ အလုပ်သမားရေးရာဝန်ကြီးဌာန ကိုရိုနာဗိုင်းရပ်စ် အမျိုးအစားသစ် ကာကွယ်ဆေး တယ်လီဖုန်းစင်တာ
0120-761770(အခမဲ့၊ စနေတနင်္ဂနွေ အများပြည်သူအားလပ်ရက်များလည်း လက်ခံ)
ဂျပန်၊ အင်္ဂလိပ်၊ တရုတ်၊ ကိုရီးယား၊ ပေါ်တူဂီ၊ စပိန် ဘာသာစကားများ- 9:00-21:00
ထိုင်း ဘာသာစကား- 9:00-18:00
ဗီယက်နမ် ဘာသာစကား- 10:00~19:00
※အစပိုင်းမှာ ဂျပန်ဘာသာစကားနဲ့ ပြောရပါမယ်။ “ ဆူးယာ့ကု-အို ရှီတဲ့-ဟိုရှီအိ (စကားပြန်လုပ်ပေးဖို့ လိုချင်တယ်)” လို့ ပြောပါ။

ကြိုတင်စာရင်းပေးမှုနဲ့ ပတ်သက်ပြီး- နေထိုင်တဲ့ မြို့ရွာ အုပ်ချုပ်ရေးရုံးမှာ တိုင်ပင်ဆွေးနွေးပါ။

[မှီငြမ်း ကိုးကား]
「ワクチン 接種までの流れ 接種予約は」(NHK 新型コロナウイルス特設サイト)
https://www3.nhk.or.jp/news/special/coronavirus/vaccine/flow/

「コロナワクチンナビ」(厚生労働省)
https://v-sys.mhlw.go.jp/

「外国人住民向けにコロナワクチン情報発信。多言語コールセンターや17言語でのお知らせも」
(Buzz Feed)
https://www.buzzfeed.com/jp/sumirekotomita/covid-vaccine-1

「接種券見本」(神戸市)
https://www.city.kobe.lg.jp/documents/42676/t-1.pdf

この記事を他の言語で見る
アラビア語 インドネシア語 英語
韓国語 クメール語 スペイン語
タイ語 タガログ語 中国語
日本 ネパール語 ビルマ語
フランス語 ベトナム語 ペルシア語
ポルトガル語 マレー語 モンゴル語
ロシア語