ယာယီစားဝတ်နေရေးအထောက်အပံ့လုပ်ငန်းများ(အိကျိဂျိစိတ်ကဆုရှိအန်ဂျိဂိယို) (နေအိန်ကူညီမှုအပါအဝင်)

ホームレスの男性

~နေအိမ်မရှိတဲ့လူတွေအတွက်စားဝတ်နေရေးထောက်ပံ့ကူညီပေးပါမယ်~

နေအိမ်မရှိတဲ့လူတွေ၊အင်တာနက်ကော်ဖီဆိုင်မှာပဲတည်းနေသောလူများစသဖြင့် နေရပ်အတည်တကျမရှိတဲ့လူတွေဟာ
အချိန်ကာလတစ်ခုအတွင်း တည်းခိုခန်းတွေ၊ စားသောက်ကုန်တွေ၊ အဝတ်အစားတွေအထောက်အပံ့ရရှိနိုင်ပါတယ်။
ဒါ့အပြင် ဆက်လက်နေထိုင်နိုင်ဖို့အတွက် နေအိမ်ရရှိရေး၊အလုပ်အကိုင်ရှာဖွေရေး စတဲ့ကိစ္စတွေမှာအကူအညီရရှိနိုင်ပါတယ်။အ

နေထိုင်ခွင့်ဗီဇာပိုင်ဆိုင်သူဆိုရင် နိုင်ငံခြားသားများလည်း ဒီထောာက်ပံ့မှုစနှစ်ကိုအသုံးပြုနိုင်ပါတယ်။

နေအိမ်မရှိလို့နေထိုင်ဖို့အခက်အခဲတွေရှိပြီး ဝင်ငွေနဲ့ပိုင်ဆိုင်မှုငွေကြေးတွေက သတ်မှတ်စံနှုန်းထက် နိမ့်ကျတဲ့လူတွေအတွက်
အချိန်ကာလတစ်ခုအတွင်း (မူအားဖြင့် ၃လာတာ) အကန့်အသတ်နဲ့ တည်းခိုဆောင်တွေ၊ စားသောက်ကုန်တွေ၊ အဝတ်အစားတွေကူညီထောက်ပံ့ပေးပါမယ်။
ဒီအထောက်အပံ့လုပ်ငန်းများက အလုပ်ရှာဖွေတွေ့ရှိဖို့အတွက်လည်း အထောက်အကူပြုနိုင်မှာပါ။

ဒီလိုမျိုး “ယာယီစားဝတ်နေရေးအထောက်အပံ့လုပ်ငန်းများ (အိကျိဂျိစိတ်ကဆုရှိအန်ဂျိဂိယို) ” ကို မဆောက်ရွက်သော ဒေသခံမြူနီစပယ်ရုံးများလဲရှိပါတယ်။ အဲဒီအခါကျတော့ ဒီလုပ်ငန်းများကိုအသုံးပြု၍မရနိုင်ပါ။
ဒီအထောက်အပံ့လုပ်ငန်းများကိုအသုံးပြုချင်တဲ့လူတွေဟာ ဦးစွာ ကိုယ်နေတိုင်ရာမြို့ရဲ့ “ကိုယ်ထူကိုယ်ထကိစ္စတွေတိုင်ပင်ရေးအဖွဲ့ (ဂျီရီဆုစိုဒန်ရှိအန်ကိကန်) ” ဆီကို ဖုံးဆက်ရပါမယ်။

ဒီစာမျက်နှာ (https://www.mhlw.go.jp/content/000614516.pdf) (ဂျပန်ဘာသာတခုတည်း) မှာစုံစမ်းနိုင်ပါတယ်။
နားမလည်တာရှိရင် မြို့နယ်အုပ်ချုပ်ရေးရုံးကိုဆက်သွယ်မေးမြန်နိုင်ပါတယ်။
ရုံးကိုဖုံးဆက်တဲ့အခါမှာ “ယာယီစားဝတ်နေရေးအထောက်အပံ့လုပ်ငန်းများ(အိကျိဂျိစိတ်ကဆုရှိအန်ဂျိဂိယို)ကိုအသုံးပြုချင်တယ်” လို့တာဝန်ခံကိုအကြောင်းကြားရပါတယ်။

ကိုးကားချက်:
・「一時生活支援事業(居住支援含む)」(一般社団法人生活困窮者自立支援全国ネットワーク)
https://minna-tunagaru.jp/know/kyojyu/
・「新型コロナウイルスの感染拡大に伴い生活に困窮する外国人への支援策について(要請および厚労省からの回答)」(移住者と連帯する全国ネットワーク)
https://migrants.jp/news/office/20200420_1.html

この記事を他の言語で見る
アラビア語 インドネシア語 英語
韓国語 スペイン語 タイ語
タガログ語 中国語 日本語
ネパール語 ビルマ語 ベトナム語
ポルトガル語 ロシア語