အလုပ်အကိုင်ရှာဖွေသူထောက်ပံ့ရေးစနစ် (ကယူးရှောကုရှ ရှိအဲန်း စေးအိဒို) ရှိပါတယ်!

“အလုပ်အကိုင်ရှာဖွေသူထောက်ပံ့ရေးစနစ်” ဆိုတာ အလုပ်လက်မဲ့အာမခံ (ခေါ့ယိုဟို့ကင်) ကို မရနိုင်သူတွေ မြန်မြန်ဆန်ဆန် အလုပ်အကိုင်ရှာဖွေတွေ့ရှိနိုင်အောင် အစိုးရက ကူညီပေးတဲ့ စနစ်ဖြစ်ပါတယ်။

bur

※ ပိုပြီး အသေးစိတ်သိချင်သူတွေအနေနဲ့ မိမိနေထိုင်ရာ မြို့ရွာရဲ့ ဟလိုဝါ့ခုမှာ မေးမြန်းကြပါ။

●ထောက်ပံ့မှုရယူရေး လိုအပ်ချက်များ
အောက်ပါ ①~④ အထိ အလုံးစုံ
① ဟလိုဝါ့ခုမှာ အလုပ်အကိုင်ရှာဖွေရေး လျှောက်ထားခြင်း
② အလုပ်လက်မဲ့အာမခံ ဝင်မထားဘဲ၊ အလုပ်လက်မဲ့ထောက်ပံ့ကြေး (ရှီဆုဂယော ကယူးဖု) ရယူထားမှု မရှိခြင်း
③ အလုပ်လုပ်ချင်တဲ့ ဆန္ဒနဲ့ လုပ်နိုင်တဲ့ စွမ်းရည်ရှိခြင်း
④ ထောက်ပံ့မှု လိုအပ်ကြောင်း ဟလိုဝါ့ခု က အသိအမှတ်ပြုခြင်း
(ဥပမာ)
အလုပ်လက်မဲ့ထောက်ပံ့ကြေး မရနိုင်သူ
အလုပ်လက်မဲ့ထောက်ပံ့ကြေး ရခဲ့ပေမဲ့ အလုပ်သစ် မရခဲ့သူ
မိမိကိုယ်ပိုင်လုပ်ငန်း ဖွင့်လှစ်လုပ်ကိုင်နေရာမှ လုပ်ငန်း ပျက်သွားသူ
အလုပ် ရှာမတွေ့သေးဘဲ ကျောင်းပြီးသွားသူ

 

●” အလုပ်အကိုင်သင်တန်း” နှင့် ပတ်သက်၍

“ အခြေခံစွမ်းရည် သင်တန်း” → အလုပ်လုပ်နိုင်ဖို့ အခြေခံကျတဲ့ စွမ်းရည်ကို အချိန်တိုတိုအတွင်း လေ့လာနိုင်ပါတယ်
“ လက်တွေ့အသုံးချ သင်တန်း” → လုပ်ကိုင်လိုတဲ့ အလုပ်အမျိုးအစားအတွက် လိုအပ်တဲ့ စွမ်းရည်ကို လေ့လာနိုင်ပါတယ်

⮚ သင်တန်းပို့ချမှု ကာလ: သင်တန်း တစ်ခုကို ၂လမှ ၆လအထိ
⮚ အသေးစိတ် အချက်အလက်တွေကို ဟလိုဝါ့ခုရဲ့ အင်တာနက်စာမျက်နှာဝန်ဆောင်မှုမှာ ကြည့်ပါ

https://www.hellowork.mhlw.go.jp/

●” အလုပ်အကိုင်သင်တန်းတက်ခြင်းအတွက်ထောက်ပံ့ကြေး” နှင့် ပတ်သက်၍

<အချက်အလက်>
တစ်လလျှင် ယန်း ၁၀၀,၀၀၀
“ အလုပ်အကိုင်သင်တန်း” တက်မယ့် နေရာသို့ သွားလာရန် ခရီးစရိတ်
နေထိုင်တဲ့ နေရာအတွက် အခကြေးငွေ (※)
(※) သင်တန်း တက်ဖို့အတွက် နေထိုင်တဲ့နေရာကို ပြောင်းရွှေ့ရခြင်းဖြစ်ပြီး ထိုသို့ပြောင်းရွှေ့ရန်လိုအပ်ကြောင်း ဟလိုဝါ့ခု မှ အသိအမှတ်ပြုခြင်း

<လက်ခံရယူရေး လိုအပ်ချက်များ>
① မိမိရဲ့ ဝင်ငွေက တစ်လလျှင် ယန်း ၈သောင်းအောက် ဖြစ်ခြင်း
② မိသားစု တစ်ခုလုံးရဲ့ ဝင်ငွေက တစ်လလျှင် ယန်း ၂၅သောင်း အောက် ဖြစ်ခြင်း
③ မိသားစု တစ်ခုလုံးရဲ့ ငွေသားပိုင်ဆိုင်မှု (စုဆောင်းငွေ စသည်) က ယန်း သောင်း ၃၀၀ အောက် ဖြစ်ခြင်း
④ လက်ရှိနေထိုင်တဲ့ နေရာ အပြင် မြေ၊ အဆောက်အအုံ ပိုင်ဆိုင်မှု မရှိခြင်း
⑤ သင်တန်းတွင် မပျက်မကွက် တက်ရောက်ခြင်း
⑥ အိမ်ထောင်စုအတွင်း အလားတူ ထောက်ပံ့ကြေး ရယူနေသူ မရှိခြင်း
⑦ ယခင် ၃နှစ်ကာလအတွင်း လိမ်ညာ၍ဖြစ်စေ၊ မှားယွင်း၍ဖြစ်စေ ထောက်ပံ့ကြေး တစ်မျိုးမျိုးကို ရယူမှု မရှိခြင်း

*သင်တန်းတက်နေချိန်မှာရော ပြီးဆုံးတဲ့နောက်မှာပါ ဟလိုဝါ့ခုကို သွားပြီး အလုပ်အတွက်ဆွေးနွေးတိုင်ပင်မှု လုပ်ဖို့ လိုပါတယ် (=အလုပ်အကိုင်ဆိုင်ရာဆွေးနွေးတိုင်ပင်မှု)

အကယ်၍ “ အလုပ်အကိုင်သင်တန်းတက်ခြင်းအတွက်ထောက်ပံ့ကြေး” တစ်ခုတည်းနဲ့ စားဝတ်နေရေး အဆင်မပြေတဲ့ အနေအထားမှာ ငွေချေးလို့လည်း ရပါတယ် (နောင်မှာ မဖြစ်မနေ ပြန်ဆပ်ရပါမယ်)။
အသေးစိတ်ကို ဟလိုဝါ့ခု မှာ မေးမြန်းပါ။

 

● လုပ်ငန်းစဉ်
သင်တန်းတက်ရောက်ရန် လုပ်ငန်းစဉ်
1.  နေထိုင်ရာ အရပ်မှ ဟလိုဝါ့ခုတွင် အလုပ်ရှာဖွေရေး လျှောက်လွှာတင်
“ အလုပ်အကိုင်ရှာဖွေသူထောက်ပံ့ရေးစနစ်” အသုံးပြုလိုကြောင်း ပြောပြ
     ↓
2.  ဟလိုဝါ့ခုမှာ သင်တန်းအမျိုးအစားကို ရွေးချယ်
     ↓
3.  ဟလိုဝါ့ခုမှာ သင်တန်းအတွက် လျှောက်ထား
     ↓
4.  သင်တန်းတက်မယ့် နေရာမှာ လျှောက်လွှာတင်
     ↓
5. သင်တန်းတက်မယ့် နေရာရဲ့ စာမေးပွဲကို ဖြေ (လူတွေ့ ၊ ရေးဖြေ)

လူတွေ့၊ ရေးဖြေ စာမေးပွဲတွေနဲ့ ပတ်သက်ပြီး ဟလိုဝါ့ခုမှာ မေးမြန်းပြီး အသင့်ပြင်

     ↓
6.  “ စာမေးပွဲအောင်” တဲ့ အကြောင်းကြားစာရောက်လာရင် ဟလိုဝါ့ခုမှာ “ အလုပ်ရှာဖွေရေးထောက်ပံ့မှုစီမံကိန်းစာရွက်စာတမ်း” ကို ရယူ
     ↓
7.  သင်တန်းတက်
သတ်မှတ်ထားတဲ့နေ့ ဟလိုဝါ့ခုမှာ အလုပ်အကိုင်ဆိုင်ရာ ဆွေးနွေးတိုင်ပင်မှုကို လုပ်ဆောင်

 

“ အလုပ်အကိုင်သင်တန်းတက်ခြင်းအတွက်ထောက်ပံ့ကြေး” လုပ်ငန်းစဉ်
1. ထောက်ပံ့ကြေး ရယူလိုကြောင်း ပြောပြ
     ↓
2. ထောက်ပံ့ကြေးအတွက် အကြိုစစ်ဆေးမှုမှာလိုအပ်တဲ့ စာရွက်စာတမ်း၊ ပုံစံ တွေကို ရယူ  (♦)
     ↓
3. ထောက်ပံ့ကြေးအတွက် အကြိုစစ်ဆေးမှု စာရွက်စာတမ်းတွေကို ဖြည့် (♠)
     ↓
4. အကြိုစစ်ဆေးမှု အဖြေကို ရယူပါ
လျှောက်ထားဖို့ စာရွက်စာတမ်းတွေကို ရယူ
     ↓
5. ဟလိုဝါ့ခုမှာ အလုပ်အကိုင်ဆိုင်ရာ ဆွေးနွေးတိုင်ပင်မှုကို လုပ်ဆောင်ချိန်မှာ ထောက်ပံ့ကြေးကို လျှောက်ထား

※ အောက်မှာဖော်ပြထားတဲ့ အနေအထားတွေမှာ ” အလုပ်အကိုင်သင်တန်းတက်ခြင်းအတွက်ထောက်ပံ့ကြေး” မရနိုင်ပါ။
သတိပြုကြပါ။

・ သတ်မှတ်ထားတဲ့နေ့မှာ ဟလိုဝါ့ခုကို မသွားခြင်း
・ သင်တန်းကို မသွားခြင်း/နောက်ကျခြင်း/စောပြန်ခြင်း (၁ကြိမ်ပင်ဖြစ်စေ)
(အကြောင်းပြချက်ရှိတဲ့အခါ ရှင်းလင်းချက်စာရွက်စာတမ်းတွေ လိုအပ်ပါတယ်။ ဆွေးနွေးတိုင်ပင်ပါ။)

 

(♠) “ အလုပ်အကိုင်သင်တန်းတက်ခြင်းအတွက်ထောက်ပံ့ကြေး” အကြိုစစ်ဆေးမှုမှာ လိုအပ်တဲ့ စာရွက်စာတမ်း၊ပုံစံများ・စာရွက်စာတမ်း

・ပုဂ္ဂလိကနံပါတ် ပါဝင်တဲ့စာတမ်း (ဥပမာ ကိုယ့်နံပါတ်မှတ်ပုံတင်ကတ်: my number card)
・ဂျပန်မှာနေထိုင်ခွင့်ကတ် (ဇိုင်းလျူး ကားဒို)
・ဟလိုဝါ့ခု ကနေ ရခဲ့တဲ့ စာရွက်စာတမ်း (♦)
ဒါ့အပြင် သတ်မှတ်ထားတဲ့ စာရွက်စာတမ်းများ (အသေးစိတ်ကို ဟလိုဝါ့ခု မှာ မေးမြန်းပါ)

 

●  ဆက်သွယ်မေးမြန်းရန်နေရာ

မိမိနေထိုင်ရာ မြို့ရွာရဲ့ ဟလိုဝါ့ခု
စကားပြန်ရှိတဲ့ ဟလိုဝါ့ခု နေရာများ (၂၀၂၀ပြည့်နှစ် မေလ စာရင်း)

https://www.mhlw.go.jp/content/000592865.pdf

 

<မှီငြမ်း၊ ကိုးကား>

「求職者支援制度のご案内」(厚生労働省)
https://www.mhlw.go.jp/stf/seisakunitsuite/bunya/koyou_roudou/koyou/kyushokusha_shien/index.html

この記事を他の言語で見る
アラビア語 インドネシア語 英語
韓国語 スペイン語 タイ語
タガログ語 中国語 日本
ネパール語 ビルマ語 フランス語
ベトナム語 ペルシア語 ポルトガル語
マレー語 モンゴル語 ロシア語