အိမ်ခန်းငှားခ ၃လစာကို မြို့နယ်အုပ်ချုပ်ရေးရုံးက ပေးဆောင်ပါမယ်

illust6
Hisako Hemmi

ကိုရိုနာဗိုင်းရပ်စ်(COVID-19)အခြေအနေကြောင့် အလုပ်လက်မဲ့ဖြစ်ခြင်းနှင့် အလုပ်လျော့နည်းမှုများကြောင့် အိမ်ခန်းငှားခပေးဆောင်ဖို့အခက်အခဲဖြစ်နေတဲလူတွေဟာ “နေအိမ်ရရှိမှုအတွက်ငွေကြေး” ကိုလက်ခံရယူနိုင်ပါတယ်။
“နေအိမ်ရရှိမှုအတွက်ငွေကြေး” ဆိုတာ သင်တို့နေတိုင်တဲ့မြို့နယ်ရဲ့အုပ်ချုပ်ရေးရုံးက သင်ပေးရမယ့် အိမ်ခန်းငှားခ ၃လစာ ကို အစားထိုးပေးဆောင်တဲ့စနစ်ဖြစ်ပါတယ်။

နိုင်ငံခြားသားများလဲ ဒီစနစ်ကိုအသုံးပြုလို့ရပါတယ်။

အရင်ကတော့ “အလုပ်သစ်ကိုရှာနေတဲ့လူတွေ” ဘဲ ဒီစနစ်ကိုအသုံးပြုခွင့်ရှိပါဝယ်။

ဒါပေမဲ့ ဧပြီလ ၃၀ ရက်နေ့က စလို့ “အလုပ်သစ်ကိုရှာနေတဲ့လူတွေ” မဟုတ်ရင်လဲဘဲ

“နေအိမ်ရရှိမှုအတွက်ငွေကြေး” ကိုလက်ခံရယူနိုင်လာပါပြီ။

အလုပ်ရှိပေမဲ့ ဝင်ငွေနည်းတဲ့လူတွေ၊ အလုပ်ပြုတ်သွားတဲ့လူတွေ၊ အလုပ်မရှာတဲ့လူတွေတောင် “နေအိမ်ရရှိမှုအတွက်ငွေကြေး” ကိုလက်ခံရယူနိုင်ပါဝာယ်။

ပထမဦးစွာ ကိုယ်နေထိုင်တဲ့ မြို့နယ်ရဲ့ “ကိုယ်ထူကိုယ်ထကိစ္စတွေတိုင်ပင်ရေးအဖွဲ့” မှာ တိုင်ပင်လို့ရပါတယ်။ အဲဒီအဖွဲ့ ဘယ်မှာရှိတာကိုမသိတဲ့လူတွေက ဒေသခံမြူနီစီပါယ်ရုံးကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်။

ကိုးကားချက်:「家賃を、3カ月、町が払います」
(やさしい日本語ニュース/withhnews・朝日新聞 2020年4月29日)
URL: https://www.facebook.com/yasashiinews/posts/223271099115045?__tn__=-R

この記事を他の言語で見る
アラビア語 インドネシア語 英語
韓国語 スペイン語 タイ語
タガログ語 中国語 日本語
ネパール語 ビルマ語 ベトナム語
ポルトガル語 ロシア語