ကိုရိုနာဗိုင်းရပ်စ် အမျိုးအစားသစ်ကြောင့် အလုပ်လက်မဲ့ဖြစ်ရသူများ၊ အလုပ်သို့ မသွားနိုင်သူများ၏ နေထိုင်ခွင့်ဗီဇာ (ဇိုင်းလျူး ရှီခတ်ခု) နှင့် ပတ်သက်၍

၁။ အလုပ်လုပ်ဖို့ နေထိုင်ခွင့်ဗီဇာ ရှိထားသူတွေထဲက အောက်ဖော်ပြပါ အနေအထားရှိသူတွေဟာ လက်ရှိ နေထိုင်ခွင့်ဗီဇာနဲ့ ဂျပန်မှာ နေထိုင်နိုင်ပါတယ်။ (က) ယခင် ကုမ္ပဏီမှ အလုပ်ဖြုတ်ခံရပြီး အလုပ်သစ် ရှာဖွေလိုသူ (ခ) ကုမ္ပဏီမှ နေအိမ်တွင် နေရန် ပြောထားသော်လည်း အလားတူအလုပ်ကို ပြန်လည်လုပ်ကိုင်လိုသူ (ဂ) ကုမ္ပဏီမှ အလုပ်လုပ်သည့် အချိန်ကို လျှော့ချခံရသော်လည်း လက်ရှိအလုပ်ကို ဆက်လက်လုပ်ကိုင်လိုသူ (ဃ) အထက်ပါ (က) မှ (ဂ) အထိ နှင့် အလားတူ အခြေအနေရှိသူ ကန့်သတ်ချက်ကျော်လွန်…