ကိုရိုနာဗိုင်းရပ်(စ်)ရောဂါဖြစ်နိုင်တယ်လို့ထင်တဲ့အခါဘယ်လိုလုပ်ဆောင်မလဲ?

ကိုယ်ကိုတိုင်နဲ့တခြားလူကိုကာကွယ်ဖို့အတွက်မှန်ကန်တဲ့သွားလာနေထိုင်မှုမျိုးလိုအပ်ပါတယ်။ ၁.အအေးမိသလိုမျိုးအဖျားရှိတဲ့အခါ၊ ချောင်းဆိုးတဲ့အခါ။ •တတ်နိုင်သမျှအပြင်မထွက်ပါနဲ့၊ ကျောင်းနဲ့ရုံးအလုပ်ကိုလည်းခွင့်ယူပါ။ •နေ့တိုင်းခန္ဓာကိုယ်အပူချိန်တိုင်းတာမှုမျိုးလုပ်ဆောင်ပါ။ •အတူနေထိုင်တဲ့မိသားစုရဲ့ အဖျားအပူချိန်ကိုလည်းတိုင်းတာပြီးခန္ဓာကိုယ်ကိုဂရုစိုက်ပါ။ တတ်နိုင်သမျှအပြင်မထွက်ပါနဲ့။ ၂. ကိုရိုနာဗိုင်းရပ်(စ်)ရောဂါဖြစ်နေတာမျိုးဟုတ်မဟုတ်သိချင်တဲ့အခါ ဖုန်းဆက်ပြီးတိုင်ပင်ဆွေးနွေးပါ။ ဆေးစစ်ဖို့လိုအပ်လားမလိုအပ်လားဆိုတာနဲ့ ၊ ဆေးစစ်ခံယူရမဲ့နေရာကိုဆရာဝန်နဲ့ဆေးပညာရှင်က ဆုံးဖြတ်ပေးပါမယ်။ အောက်ပါအချက်တိုင်း ရောဂါလက္ခဏာရှိတဲ့သူက ချက်ချင်းဖုန်းဆက်ပေးပါ။ (၁) အဖျားအရမ်းကြီးခြင်း၊ အသက်ရှုကြပ်၍အလွန်မောပန်းသောအခါ။ (၂) အောက်ပါသူများထဲမှာ ရိုးရိုးအအေးမိခြင်း (သို့မဟုတ်) ကိုရိုနာရောဂါ လို့သံသယဖြစ်တဲ့အခါ။ • အသက်အရွယ်ကြီးသူများ • အခြားသောနာတာရှည်ရောဂါကြောင့်ဆေးရုံဆေးခန်းကိုအမြဲသွားနေရတဲ့သူ ဥပမာ:ဆီးချိုရောဂါ၊ နှလုံးနှင့်အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါသမား ကျောက်ကပ်ရောဂါသမား၊ ကျောက်ကပ်ဆေးနေရတဲ့သူ၊ ကိုယ်ခံအားနည်းရောဂါနဲ့ ပက်သက်တဲ့ဆေးများသုံးစွဲနေရသူ၊ ကင်ဆာခုခံအားဆေး သောက်နေရသောသူ…