အလုပ်သင်လုပ်သား၏ နေထိုင်ခွင့်ဗီဇာ(ဇိုင်းလျူးရှီခါ့ခု) နှင့် ပတ်သက်၍

*ဤသည်မှာ ၂၀၂၀ပြည့်နှစ် အောက်တိုဘာလ ၁၉ရက်နေ့အချိန်တွင် ရှိသည့်အချက်အလက်များဖြစ်သည်။ မိခင်နိုင်ငံသို့ မပြန်နိုင်သူ/ ဆက်လက်၍ အလုပ်မသင်နိုင်သူ ●မိခင်နိုင်ငံသို့ မပြန်နိုင်သူ ◆“ အထူးသတ်မှတ်ထားသည့် လှုပ်ရှားမှု (တိုကုတဲအိ ခတ်ဆုဒိုး) (၆လတာ၊ အလုပ်လုပ်နိုင်)” “ သို့မဟုတ်” အထူးသတ်မှတ်ထားသည့် လှုပ်ရှားမှု (၆လတာ၊ အလုပ်မလုပ်နိုင်)” နေထိုင်ခွင့်ဗီဇာသို့ ပြောင်းလဲနိုင်သည်။ -မပြန်နိုင်သည့်အနေအထား ဆက်ဖြစ်နေသူသည် နေထိုင်ခွင့်ဗီဇာကို အသစ်ပြင်နိုင်သည်။ “ အထူးသတ်မှတ်ထားသည့် လှုပ်ရှားမှု (၆လတာ၊ အလုပ်လုပ်နိုင်)” သို့ ပြောင်းလဲနိုင်သည်မှာ ယခင် အလုပ်သင်ခဲ့သည့် အမျိုးအစားနှင့်…

ပညာတော်သင်ကျောင်းသား၏ နေထိုင်ခွင့်ဗီဇာ (ဇိုင်းလျူးရှီခါ့ခု)နှင့် ပတ်သက်၍

※ဤသည်မှာ ၂၀၂၀ပြည့်နှစ် အောက်တိုဘာလ ၁၉ရက်နေ့အချိန်တွင် ရှိသည့်အချက်အလက်များဖြစ်သည်။ ဆက်လက်ပြီး ကျောင်းတက် ပညာသင်ယူမည့်သူ ◆” ပညာတော်သင်” (လျူးဂါ့ကု) နေထိုင်ခွင့်ဗီဇာကို အသစ်ပြင်နိုင်သည်။ -တက်ရောက်သည့်ကျောင်း ပြောင်းလဲသော်လည်း အသစ်ပြင်နိုင်သည်။ -“ ကန့်သတ်ချက်ကျော်လွန် လှုပ်ရှားမှု” (ရှိခတ်ခုဂါအိ ခတ်ဆုဒိုး) ခွင့်ပြုချက် ရရှိလျှင် သီတင်းတစ်ပတ်လျှင် ၂၈နာရီအထိ အချိန်ပိုင်းအလုပ် လုပ်နိုင်သည်။ -ဂျပန်ဘာသာကျောင်း တက်နေသူသည် ၂နှစ်ကျော်လွန်သော်လည်း ဆက်လက်တက်ရောက်နိုင်သည်။ (ထိုအခါတွင် “ ပညာတော်သင်” နေထိုင်ခွင့်ဗီဇာ” ကို ထပ်မံ အသစ်ပြင်ပါ) ကျောင်းပြီးခဲ့သော်လည်း မိခင်နိုင်ငံသို့…