ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးထိုးရန် လုပ်ဆောင်ပုံအဆင့်များ

ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးထိုးခြင်းကို အခမဲ့ ခံယူနိုင်ပါတယ်။ ဖမ်းဆီးထိန်းသိမ်းမှုမှ ယာယီကင်းလွတ်ခွင့်ပြုချက် (ခါလီဟိုးမဲန်း) ရှိသူစတဲ့ နေထိုင်သူစာရင်း (ဂျူးမင်းဟျော) မရှိတဲ့ နိုင်ငံခြားသားတွေလည်း ဆေးထိုးမှု ခံယူနိုင်ပါတယ်။ ❶ ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့ကနေ “ 「ဆက်ရှုကဲန် (ကူပွန်ကဲန်)」(ဆေးထိုးရန်လက်မှတ် (ကူပွန်စာရွက်))” နဲ့ “ ကိုရိုနာဗိုင်းရပ်စ် အမျိုးအစားသစ် ကာကွယ်ဆေးထိုးရန် အသိပေးစာ” ရောက်လာပါမယ် ဆေးထိုးရန်လက်မှတ် လက်ခံရရှိတဲ့ ကာလဟာ မြို့ရွာအလိုက်၊ အသက်အရွယ်အလိုက် ကွဲပြားပါတယ်။ နေထိုင်သူစာရင်း မရှိတဲ့ နိုင်ငံခြားသားအနေနဲ့ မိမိရဲ့လိပ်စာကို အတည်ပြုနိုင်တဲ့အရာကို ပြပြီး နေထိုင်ရာ…