ကာလတိုဗီဇာနှင့် ဖမ်းဆီးထိန်းသိမ်းမှုမှ ယာယီကင်းလွတ်ခွင့်ပြုချက် (ခါလီဟိုးမဲန်း) ဖြင့်နေထိုင်သူများ ကာကွယ်ဆေးထိုးခြင်း

ကာလတိုဗီဇာနဲ့ နေထိုင်သူ၊ ဖမ်းဆီးထိန်းသိမ်းမှုမှ ယာယီကင်းလွတ်ခွင့်ပြုချက် (ခါလီဟိုးမဲန်း) ရထားသူ၊ ဖမ်းဆီးထိန်းသိမ်းမှုမှ ယာယီကင်းလွတ်ခွင့်ပြုချက် (ခါလီဟိုးမဲန်း) လျှောက်ထားဆဲဖြစ်သူတွေလည်း ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးထိုးခြင်းကို ခံယူနိုင်ပါတယ်။ ဆေးထိုးခြင်းမှာ အခမဲ့ဖြစ်ပါတယ်။ 1. ကာကွယ်ဆေးထိုးရန်「ဆက်ရှုကဲန် (ကူပွန်ကဲန်)」(ဆေးထိုးရန်လက်မှတ် (ကူပွန်စာရွက်)) ကို ရယူပါ။ နေထိုင်ရာ မြို့ရွာအုပ်ချုပ်ရေးရုံးနဲ့ ဆွေးနွေးတိုင်ပင်ပြီး ကာကွယ်ဆေးထိုးရန်လက်မှတ်ကို ရယူပါ။ ・၃လမကျော်တဲ့ နေထိုင်ခွင့်ဗီဇာ (ဇိုင်းလျူးရှိခါ့ကု) ရထားသူများ၊ “သံတမန် (ဂိုင်းကိုး)” ၊ “အစိုးရတာဝန် (ကိုးယော)” နဲ့ “ကာလတိုနေထိုင်ခွင့် (တန်းကီတိုင်းဇိုင်း)” ဗီဇာအမျိုးအစား ရထားသူများ (ကိုရိုနာဗိုင်းရပ်စ်ကြောင့်…