
【အလုပ်ပြုတ်သွားတဲ့အလုပ်သင်လုပ်သားများ,ကျွမ်းကျင်လုပ်သားများအား】
ကိုရိုနာဗိုင်းရပ်စ်(Covid-19)ကြောင့် အလုပ်လက်မဲ့ဖြစ်တဲ့အလုပ်သင်လုပ်သားများနဲ့ကျွမ်းကျင်လုပ်သားများကတော့ သူတို့အခုလုပ်နေတဲ့အလုပ်နဲ့ကွဲပြားတဲ့အလုပ်မျိုးကိုလုပ်နိင်တယ်ဆိုတဲ့စည်းမျဥ်းအသစ်က စတင်အတည်ဖြစ်လာပါပြီ။ ဂျပန့်လူဝင်မှုကြီးကြပ်ရေးဌာနက ဧပြီလ ၂၀ရက်နေ့ကနေ ဒီစည်းမျဥ်းအသစ်ကို စတင်ကျင့်သုံးနေပါတယ်။ အရင်ကတော့ အလုပ်သင်လုပ်သားများနဲ့ကျွမ်းကျင်လုပ်သားများက ဂျပန်မှာလုပ်နိုင်တဲ့အလုပ်ရဲ့အမျိုးအစားအပေါ်မှာ ကန့်သတ်ချက်တွေရှိပါတယ်။ အဲဒီလိုသတ်မှတ်ထားတဲ့အလုပ်အပြင် ဘာအလုပ်မျိုးမှ လုပ်ခွင့်မရှိပါဘူး။ စည်းမျဥ်းအသစ်အရဆိုရင် ကိုရိုနာဗိုင်းရပ်စ်(Covid-19)ကြောင့် အလုပ်ပြုတ်တဲ့အလုပ်သင်လုပ်သားများနဲ့ကျွမ်းကျင်လုပ်သားများ ဟာ အလုပ်အမျိုးအစားကိုပြောင်းလဲပြီး အလုပ်သစ်ကိုရွေးချယ်လုပ်ဆောင်နိုင်ပါတယ်။ အလုပ်သစ်ရရှိပြီဆိုရင် မိမိတို့ဗီဇာအမျိုးအစားက 「အထူးသတ်မှတ်ထားတဲ့လှုပ်ရှားမှု」ဆိုတဲ့အရည်အချင်းကိုပြောင်းလဲပါတယ်။ ဒီအရည်အချင်းသစ်နဲ့ တစ်နှစ်တာ အလုပ်လုပ်နိုင်ပါတယ်။ လူဝင်မှုကြီးကြပ်ရေးဌာနဟာ ဂျပန်မှာအလုပ်လုပ်ချင်သေးတဲ့အလုပ်သင်လုပ်သားများ၊ကျွမ်းကျင်လုပ်သားများက အလုပ်သစ်တွေရှာဖွေတွေ့ရှိနိုင်ဖို့ အကူအညီပေးသွားပါမယ်။。 စိုက်ပျိုးရေး၊သက်ကြီးရွယ်အိုတွေပြုစုစောင့်ရှောက်မှု စတဲ့ကုမ္ပဏီတွေ(လုပ်ငန်းရှင်တွေ)က လုပ်သားများလိုနေပါတယ်။ အဲဒီလုပ်ငန်းရှင်တွေနဲ့ ချိတ်ဆက်မိတ်ဆက်ပေးပါမယ်။ ပထမဦးစွာ မိမိတို့က 「ဂျပန်မှာအလုပ်သစ်ရှာနေတယ်」ဆိုတဲ့အကြောင်းကို、「…