ယာယီစားဝတ်နေရေးအထောက်အပံ့လုပ်ငန်းများ(အိကျိဂျိစိတ်ကဆုရှိအန်ဂျိဂိယို) (နေအိန်ကူညီမှုအပါအဝင်)

~နေအိမ်မရှိတဲ့လူတွေအတွက်စားဝတ်နေရေးထောက်ပံ့ကူညီပေးပါမယ်~ နေအိမ်မရှိတဲ့လူတွေ၊အင်တာနက်ကော်ဖီဆိုင်မှာပဲတည်းနေသောလူများစသဖြင့် နေရပ်အတည်တကျမရှိတဲ့လူတွေဟာ အချိန်ကာလတစ်ခုအတွင်း တည်းခိုခန်းတွေ၊ စားသောက်ကုန်တွေ၊ အဝတ်အစားတွေအထောက်အပံ့ရရှိနိုင်ပါတယ်။ ဒါ့အပြင် ဆက်လက်နေထိုင်နိုင်ဖို့အတွက် နေအိမ်ရရှိရေး၊အလုပ်အကိုင်ရှာဖွေရေး စတဲ့ကိစ္စတွေမှာအကူအညီရရှိနိုင်ပါတယ်။အ နေထိုင်ခွင့်ဗီဇာပိုင်ဆိုင်သူဆိုရင် နိုင်ငံခြားသားများလည်း ဒီထောာက်ပံ့မှုစနှစ်ကိုအသုံးပြုနိုင်ပါတယ်။ နေအိမ်မရှိလို့နေထိုင်ဖို့အခက်အခဲတွေရှိပြီး ဝင်ငွေနဲ့ပိုင်ဆိုင်မှုငွေကြေးတွေက သတ်မှတ်စံနှုန်းထက် နိမ့်ကျတဲ့လူတွေအတွက် အချိန်ကာလတစ်ခုအတွင်း (မူအားဖြင့် ၃လာတာ) အကန့်အသတ်နဲ့ တည်းခိုဆောင်တွေ၊ စားသောက်ကုန်တွေ၊ အဝတ်အစားတွေကူညီထောက်ပံ့ပေးပါမယ်။ ဒီအထောက်အပံ့လုပ်ငန်းများက အလုပ်ရှာဖွေတွေ့ရှိဖို့အတွက်လည်း အထောက်အကူပြုနိုင်မှာပါ။ ဒီလိုမျိုး “ယာယီစားဝတ်နေရေးအထောက်အပံ့လုပ်ငန်းများ (အိကျိဂျိစိတ်ကဆုရှိအန်ဂျိဂိယို) ” ကို မဆောက်ရွက်သော ဒေသခံမြူနီစပယ်ရုံးများလဲရှိပါတယ်။ အဲဒီအခါကျတော့ ဒီလုပ်ငန်းများကိုအသုံးပြု၍မရနိုင်ပါ။ ဒီအထောက်အပံ့လုပ်ငန်းများကိုအသုံးပြုချင်တဲ့လူတွေဟာ ဦးစွာ ကိုယ်နေတိုင်ရာမြို့ရဲ့…