အလုပ်လက်မဲ့ထောက်ပံ့ကြေး (ရှီဆုဂယော ကယူးဖု) နဲ့ပတ်သက်ပြီး

အလုပ်ထွက်တဲ့သူတွေ၊အလုပ်လက်မဲ့ဖြစ်သွားတဲ့သူတွေဟာ နောက်အလုပ်အကိုင်သစ်ရနိုင်တဲ့ကာလအထိ “အလုပ်လက်မဲ့ထောက်ပံ့ကြေး” ကို လက်ခံရရှိနိုင်ပါတယ်။ အလုပ်လက်မဲ့ဖြစ်မသွားခင်က ရယူခဲ့တဲ့လခရဲ့ ၅၀ ရာခိုင်နှုန်းကနေ ၈၀ ရာခိုင်နှုန်းဖြစ်တဲ့ငွေကြေးကိုရယူနိင်ပါတယ်။ ●ထောက်ပံ့ကြေးရဖို့အတွက် သတ်မှတ်ချက်တွေ ①ချက်ချင်းအလုပ်လုပ်ချင်လို့အလုပ်ရှာဖွေနေသူများ။ ②ကုမ္ပဏီကနေ အလုပ်ထွက်ဖို့အပြောခံခဲ့ရလို့အလုပ်ထွက်ခဲ့တဲ့အအခါဆိုရင် : အလုပ်ထွက်တဲ့အထိ တစ်နှစ်တာအတွင်း ၆ လကျော် အလုပ်လက်မဲ့အာမခံ (ခေါ့ယိုဟို့ကင်) ယူထားသူများ။ ကိုယ့်သဘောနဲ့ အလုပ်ထွက်တဲ့အခါဆိုရင်: အလုပ်ထွက်တဲ့အထိ နှစ်နှစ်တာအတွင်း ၁၂လကျော် အလုပ်လက်မဲ့အာမခံယူထားသူများ။ အလုပ်လက်မဲ့အာမခံမဝင်ခဲ့တဲ့သူတွေ၊ ပုဂ္ဂလိကရပ်တည်ချက်နဲ့အလုပ်လုပ်တဲ့သူတွေကတော့ အလုပ်လက်မဲ့ထောာက်ပံ့ကြေးကိုလက်ခံခွင့်မရှိပါဘူး။ ●ထောက်ပံ့ကြေးရရှိဖို့လုပ်ထုံးလုပ်နည်း သင်ကအလုပ်လုပ်ခဲ့တဲ့ကုမ္ပဏီကနေ “အလုပ်လက်မဲ့အာမခံအာမခံသူအလုပ်ထွက်ခြင်းထောက်ခံစာ” (ခေါ့ယိုဟို့ကင်ဟိဟို့ကင်ရှာ့လိရှို့ကုဟိယို) ကိုလက်ခံယူရပါတယ်။ ↓ မိမိနေထိုင်တဲ့ရပ်ကွက်မှာရှိတဲ့…