အခက်အခဲတွေ့ချိန်မှာ ဆွေးနွေးတိုင်ပင်နိုင်တဲ့ နေရာ (စားဝတ်နေရေး၊ အလုပ်အကိုင်၊ ငွေကြေး၊ နေထိုင်ခွင့်ဗီဇာ)

ပိုက်ဆံမရှိလို့ စားဝတ်နေရေး အခက်တွေ့တာ၊ စိတ်ပိုင်းဆိုင်ရာ ပူပန်စရာ ရှိတာ၊ အခွန်၊ ပင်စင်နဲ့ ကျန်းမာရေးအာမခံ ငွေပေးချေမှုတွေကို ကောင်းကောင်းနားမလည်တာစတဲ့ ဂျပန်က စားဝတ်နေရေးအခက်အခဲတွေ၊ နားမလည်တာတွေကို ဆွေးနွေးတိုင်ပင်နိုင်ပါတယ်။ မြန်မာဘာသာစကားနဲ့ လုပ်ဆောင်ပေးတဲ့ နေရာတွေကို မိတ်ဆက်ပေးပါမယ်။ တခြားဘာသာစကားတွေရဲ့ နေရာလမ်းညွှန်ကတော့ → https://tcc117.jp/facil/consult.html ●နိုင်ငံခြားသားနေထိုင်မှုထောက်ပံ့ရေးစင်တာ FRESC အကူအညီပေးကောင်တာ(တယ်လီဖုန်း) ကိုရိုနာဗိုင်းရပ်စ်အမျိုးအစားသစ် သက်ရောက်မှုကြောင့်ဖြစ်နေတဲ့ အခက်အခဲတွေကို ဆွေးနွေးတိုင်ပင် နိုင်ပါတယ်။ ဖုန်းနံပါတ်။ ။ 0120-76-2029 (အခမဲ့) တနင်္လာမှ သောကြာနေ့ မနက် ၉နာရီမှ ညနေ…