စားဝတ်နေရေး ပုံစံသစ် လုပ်ဆောင်နည်း

အစိုးရက ထုတ်ပြန်လိုက်တဲ့ “ စားဝတ်နေရေး ပုံစံသစ် လုပ်ဆောင်နည်း” နဲ့ ပတ်သက်ပြီး စုစည်းတင်ပြလိုက်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် အမျိုးအစားသစ်ရဲ့ ရောဂါ ပျံ့နှံ့မှုမဖြစ်စေဖို့ နေ့စဉ် သွားလာနေထိုင်ရာမှာ ဘယ်လို အချက်တွေကို သတိထားသင့်သလဲဆိုတာ ရေးထားပါတယ်။ ရောဂါ မဖြစ်ပွားစေဖို့/ တခြားလူတွေကို မကူးစက်စေဖို့ အထောက်အကူအဖြစ် အသုံးပြုကြပါ။ (※နောက်ပိုင်းမှာ အနေအထားအလိုက် အကြောင်းအရာတွေ ပြောင်းလဲတာလည်း ရှိနိုင်ပါတယ်။) ➀  ကူးစက်မှုတားဆီးရေးအတွက် အရေးပါသောအချက်များ   1、တခြားလူအနား မကပ်ပါနဲ့။ ၂ မီတာ ခွာပါ 2、ပါးစပ်နဲ့…

အခက်အခဲတွေ့ချိန်မှာ ဆွေးနွေးတိုင်ပင်နိုင်တဲ့ နေရာ (စားဝတ်နေရေး၊ အလုပ်အကိုင်၊ ငွေကြေး၊ နေထိုင်ခွင့်ဗီဇာ)

ပိုက်ဆံမရှိလို့ စားဝတ်နေရေး အခက်တွေ့တာ၊ စိတ်ပိုင်းဆိုင်ရာ ပူပန်စရာ ရှိတာ၊ အခွန်၊ ပင်စင်နဲ့ ကျန်းမာရေးအာမခံ ငွေပေးချေမှုတွေကို ကောင်းကောင်းနားမလည်တာစတဲ့ ဂျပန်က စားဝတ်နေရေးအခက်အခဲတွေ၊ နားမလည်တာတွေကို ဆွေးနွေးတိုင်ပင်နိုင်ပါတယ်။ မြန်မာဘာသာစကားနဲ့ လုပ်ဆောင်ပေးတဲ့ နေရာတွေကို မိတ်ဆက်ပေးပါမယ်။ တခြားဘာသာစကားတွေရဲ့ နေရာလမ်းညွှန်ကတော့ → https://tcc117.jp/facil/consult.html ●နိုင်ငံခြားသားနေထိုင်မှုထောက်ပံ့ရေးစင်တာ FRESC အကူအညီပေးကောင်တာ(တယ်လီဖုန်း) ကိုရိုနာဗိုင်းရပ်စ်အမျိုးအစားသစ် သက်ရောက်မှုကြောင့်ဖြစ်နေတဲ့ အခက်အခဲတွေကို ဆွေးနွေးတိုင်ပင် နိုင်ပါတယ်။ ဖုန်းနံပါတ်။ ။ 0120-76-2029 (အခမဲ့) တနင်္လာမှ သောကြာနေ့ မနက် ၉နာရီမှ ညနေ…

အလုပ်သင်လုပ်သား၏ နေထိုင်ခွင့်ဗီဇာ(ဇိုင်းလျူးရှီခါ့ခု) နှင့် ပတ်သက်၍

*ဤသည်မှာ ၂၀၂၀ပြည့်နှစ် အောက်တိုဘာလ ၁၉ရက်နေ့အချိန်တွင် ရှိသည့်အချက်အလက်များဖြစ်သည်။ မိခင်နိုင်ငံသို့ မပြန်နိုင်သူ/ ဆက်လက်၍ အလုပ်မသင်နိုင်သူ ●မိခင်နိုင်ငံသို့ မပြန်နိုင်သူ ◆“ အထူးသတ်မှတ်ထားသည့် လှုပ်ရှားမှု (တိုကုတဲအိ ခတ်ဆုဒိုး) (၆လတာ၊ အလုပ်လုပ်နိုင်)” “ သို့မဟုတ်” အထူးသတ်မှတ်ထားသည့် လှုပ်ရှားမှု (၆လတာ၊ အလုပ်မလုပ်နိုင်)” နေထိုင်ခွင့်ဗီဇာသို့ ပြောင်းလဲနိုင်သည်။ -မပြန်နိုင်သည့်အနေအထား ဆက်ဖြစ်နေသူသည် နေထိုင်ခွင့်ဗီဇာကို အသစ်ပြင်နိုင်သည်။ “ အထူးသတ်မှတ်ထားသည့် လှုပ်ရှားမှု (၆လတာ၊ အလုပ်လုပ်နိုင်)” သို့ ပြောင်းလဲနိုင်သည်မှာ ယခင် အလုပ်သင်ခဲ့သည့် အမျိုးအစားနှင့်…

ပညာတော်သင်ကျောင်းသား၏ နေထိုင်ခွင့်ဗီဇာ (ဇိုင်းလျူးရှီခါ့ခု)နှင့် ပတ်သက်၍

※ဤသည်မှာ ၂၀၂၀ပြည့်နှစ် အောက်တိုဘာလ ၁၉ရက်နေ့အချိန်တွင် ရှိသည့်အချက်အလက်များဖြစ်သည်။ ဆက်လက်ပြီး ကျောင်းတက် ပညာသင်ယူမည့်သူ ◆” ပညာတော်သင်” (လျူးဂါ့ကု) နေထိုင်ခွင့်ဗီဇာကို အသစ်ပြင်နိုင်သည်။ -တက်ရောက်သည့်ကျောင်း ပြောင်းလဲသော်လည်း အသစ်ပြင်နိုင်သည်။ -“ ကန့်သတ်ချက်ကျော်လွန် လှုပ်ရှားမှု” (ရှိခတ်ခုဂါအိ ခတ်ဆုဒိုး) ခွင့်ပြုချက် ရရှိလျှင် သီတင်းတစ်ပတ်လျှင် ၂၈နာရီအထိ အချိန်ပိုင်းအလုပ် လုပ်နိုင်သည်။ -ဂျပန်ဘာသာကျောင်း တက်နေသူသည် ၂နှစ်ကျော်လွန်သော်လည်း ဆက်လက်တက်ရောက်နိုင်သည်။ (ထိုအခါတွင် “ ပညာတော်သင်” နေထိုင်ခွင့်ဗီဇာ” ကို ထပ်မံ အသစ်ပြင်ပါ) ကျောင်းပြီးခဲ့သော်လည်း မိခင်နိုင်ငံသို့…

ကိုရိုနာဗိုင်းရပ်စ် အမျိုးအစားသစ်ကြောင့် အလုပ်လက်မဲ့ဖြစ်ရသူများ၊ အလုပ်သို့ မသွားနိုင်သူများ၏ နေထိုင်ခွင့်ဗီဇာ (ဇိုင်းလျူး ရှီခတ်ခု) နှင့် ပတ်သက်၍

၁။ အလုပ်လုပ်ဖို့ နေထိုင်ခွင့်ဗီဇာ ရှိထားသူတွေထဲက အောက်ဖော်ပြပါ အနေအထားရှိသူတွေဟာ လက်ရှိ နေထိုင်ခွင့်ဗီဇာနဲ့ ဂျပန်မှာ နေထိုင်နိုင်ပါတယ်။ (က) ယခင် ကုမ္ပဏီမှ အလုပ်ဖြုတ်ခံရပြီး အလုပ်သစ် ရှာဖွေလိုသူ (ခ) ကုမ္ပဏီမှ နေအိမ်တွင် နေရန် ပြောထားသော်လည်း အလားတူအလုပ်ကို ပြန်လည်လုပ်ကိုင်လိုသူ (ဂ) ကုမ္ပဏီမှ အလုပ်လုပ်သည့် အချိန်ကို လျှော့ချခံရသော်လည်း လက်ရှိအလုပ်ကို ဆက်လက်လုပ်ကိုင်လိုသူ (ဃ) အထက်ပါ (က) မှ (ဂ) အထိ နှင့် အလားတူ အခြေအနေရှိသူ ကန့်သတ်ချက်ကျော်လွန်…