စားဝတ်နေရေး ပုံစံသစ် လုပ်ဆောင်နည်း

အစိုးရက ထုတ်ပြန်လိုက်တဲ့ “ စားဝတ်နေရေး ပုံစံသစ် လုပ်ဆောင်နည်း” နဲ့ ပတ်သက်ပြီး စုစည်းတင်ပြလိုက်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် အမျိုးအစားသစ်ရဲ့ ရောဂါ ပျံ့နှံ့မှုမဖြစ်စေဖို့ နေ့စဉ် သွားလာနေထိုင်ရာမှာ ဘယ်လို အချက်တွေကို သတိထားသင့်သလဲဆိုတာ ရေးထားပါတယ်။ ရောဂါ မဖြစ်ပွားစေဖို့/ တခြားလူတွေကို မကူးစက်စေဖို့ အထောက်အကူအဖြစ် အသုံးပြုကြပါ။ (※နောက်ပိုင်းမှာ အနေအထားအလိုက် အကြောင်းအရာတွေ ပြောင်းလဲတာလည်း ရှိနိုင်ပါတယ်။) ➀  ကူးစက်မှုတားဆီးရေးအတွက် အရေးပါသောအချက်များ   1、တခြားလူအနား မကပ်ပါနဲ့။ ၂ မီတာ ခွာပါ 2、ပါးစပ်နဲ့…

အခက်အခဲတွေ့ချိန်မှာ ဆွေးနွေးတိုင်ပင်နိုင်တဲ့ နေရာ (စားဝတ်နေရေး၊ အလုပ်အကိုင်၊ ငွေကြေး၊ နေထိုင်ခွင့်ဗီဇာ)

ပိုက်ဆံမရှိလို့ စားဝတ်နေရေး အခက်တွေ့တာ၊ စိတ်ပိုင်းဆိုင်ရာ ပူပန်စရာ ရှိတာ၊ အခွန်၊ ပင်စင်နဲ့ ကျန်းမာရေးအာမခံ ငွေပေးချေမှုတွေကို ကောင်းကောင်းနားမလည်တာစတဲ့ ဂျပန်က စားဝတ်နေရေးအခက်အခဲတွေ၊ နားမလည်တာတွေကို ဆွေးနွေးတိုင်ပင်နိုင်ပါတယ်။ မြန်မာဘာသာစကားနဲ့ လုပ်ဆောင်ပေးတဲ့ နေရာတွေကို မိတ်ဆက်ပေးပါမယ်။ တခြားဘာသာစကားတွေရဲ့ နေရာလမ်းညွှန်ကတော့ → https://tcc117.jp/facil/consult.html ●နိုင်ငံခြားသားနေထိုင်မှုထောက်ပံ့ရေးစင်တာ FRESC အကူအညီပေးကောင်တာ(တယ်လီဖုန်း) ကိုရိုနာဗိုင်းရပ်စ်အမျိုးအစားသစ် သက်ရောက်မှုကြောင့်ဖြစ်နေတဲ့ အခက်အခဲတွေကို ဆွေးနွေးတိုင်ပင် နိုင်ပါတယ်။ ဖုန်းနံပါတ်။ ။ 0120-76-2029 (အခမဲ့) တနင်္လာမှ သောကြာနေ့ မနက် ၉နာရီမှ ညနေ…

ယာယီစားဝတ်နေရေးအထောက်အပံ့လုပ်ငန်းများ(အိကျိဂျိစိတ်ကဆုရှိအန်ဂျိဂိယို) (နေအိန်ကူညီမှုအပါအဝင်)

~နေအိမ်မရှိတဲ့လူတွေအတွက်စားဝတ်နေရေးထောက်ပံ့ကူညီပေးပါမယ်~ နေအိမ်မရှိတဲ့လူတွေ၊အင်တာနက်ကော်ဖီဆိုင်မှာပဲတည်းနေသောလူများစသဖြင့် နေရပ်အတည်တကျမရှိတဲ့လူတွေဟာ အချိန်ကာလတစ်ခုအတွင်း တည်းခိုခန်းတွေ၊ စားသောက်ကုန်တွေ၊ အဝတ်အစားတွေအထောက်အပံ့ရရှိနိုင်ပါတယ်။ ဒါ့အပြင် ဆက်လက်နေထိုင်နိုင်ဖို့အတွက် နေအိမ်ရရှိရေး၊အလုပ်အကိုင်ရှာဖွေရေး စတဲ့ကိစ္စတွေမှာအကူအညီရရှိနိုင်ပါတယ်။အ နေထိုင်ခွင့်ဗီဇာပိုင်ဆိုင်သူဆိုရင် နိုင်ငံခြားသားများလည်း ဒီထောာက်ပံ့မှုစနှစ်ကိုအသုံးပြုနိုင်ပါတယ်။ နေအိမ်မရှိလို့နေထိုင်ဖို့အခက်အခဲတွေရှိပြီး ဝင်ငွေနဲ့ပိုင်ဆိုင်မှုငွေကြေးတွေက သတ်မှတ်စံနှုန်းထက် နိမ့်ကျတဲ့လူတွေအတွက် အချိန်ကာလတစ်ခုအတွင်း (မူအားဖြင့် ၃လာတာ) အကန့်အသတ်နဲ့ တည်းခိုဆောင်တွေ၊ စားသောက်ကုန်တွေ၊ အဝတ်အစားတွေကူညီထောက်ပံ့ပေးပါမယ်။ ဒီအထောက်အပံ့လုပ်ငန်းများက အလုပ်ရှာဖွေတွေ့ရှိဖို့အတွက်လည်း အထောက်အကူပြုနိုင်မှာပါ။ ဒီလိုမျိုး “ယာယီစားဝတ်နေရေးအထောက်အပံ့လုပ်ငန်းများ (အိကျိဂျိစိတ်ကဆုရှိအန်ဂျိဂိယို) ” ကို မဆောက်ရွက်သော ဒေသခံမြူနီစပယ်ရုံးများလဲရှိပါတယ်။ အဲဒီအခါကျတော့ ဒီလုပ်ငန်းများကိုအသုံးပြု၍မရနိုင်ပါ။ ဒီအထောက်အပံ့လုပ်ငန်းများကိုအသုံးပြုချင်တဲ့လူတွေဟာ ဦးစွာ ကိုယ်နေတိုင်ရာမြို့ရဲ့…

အိမ်ခန်းငှားခ ၃လစာကို မြို့နယ်အုပ်ချုပ်ရေးရုံးက ပေးဆောင်ပါမယ်

ကိုရိုနာဗိုင်းရပ်စ်(COVID-19)အခြေအနေကြောင့် အလုပ်လက်မဲ့ဖြစ်ခြင်းနှင့် အလုပ်လျော့နည်းမှုများကြောင့် အိမ်ခန်းငှားခပေးဆောင်ဖို့အခက်အခဲဖြစ်နေတဲလူတွေဟာ “နေအိမ်ရရှိမှုအတွက်ငွေကြေး” ကိုလက်ခံရယူနိုင်ပါတယ်။ “နေအိမ်ရရှိမှုအတွက်ငွေကြေး” ဆိုတာ သင်တို့နေတိုင်တဲ့မြို့နယ်ရဲ့အုပ်ချုပ်ရေးရုံးက သင်ပေးရမယ့် အိမ်ခန်းငှားခ ၃လစာ ကို အစားထိုးပေးဆောင်တဲ့စနစ်ဖြစ်ပါတယ်။ နိုင်ငံခြားသားများလဲ ဒီစနစ်ကိုအသုံးပြုလို့ရပါတယ်။ အရင်ကတော့ “အလုပ်သစ်ကိုရှာနေတဲ့လူတွေ” ဘဲ ဒီစနစ်ကိုအသုံးပြုခွင့်ရှိပါဝယ်။ ဒါပေမဲ့ ဧပြီလ ၃၀ ရက်နေ့က စလို့ “အလုပ်သစ်ကိုရှာနေတဲ့လူတွေ” မဟုတ်ရင်လဲဘဲ “နေအိမ်ရရှိမှုအတွက်ငွေကြေး” ကိုလက်ခံရယူနိုင်လာပါပြီ။ အလုပ်ရှိပေမဲ့ ဝင်ငွေနည်းတဲ့လူတွေ၊ အလုပ်ပြုတ်သွားတဲ့လူတွေ၊ အလုပ်မရှာတဲ့လူတွေတောင် “နေအိမ်ရရှိမှုအတွက်ငွေကြေး” ကိုလက်ခံရယူနိုင်ပါဝာယ်။ ပထမဦးစွာ ကိုယ်နေထိုင်တဲ့ မြို့နယ်ရဲ့ “ကိုယ်ထူကိုယ်ထကိစ္စတွေတိုင်ပင်ရေးအဖွဲ့” မှာ…