ကာလတိုဗီဇာနှင့် ဖမ်းဆီးထိန်းသိမ်းမှုမှ ယာယီကင်းလွတ်ခွင့်ပြုချက် (ခါလီဟိုးမဲန်း) ဖြင့်နေထိုင်သူများ ကာကွယ်ဆေးထိုးခြင်း

ကာလတိုဗီဇာနဲ့ နေထိုင်သူ၊ ဖမ်းဆီးထိန်းသိမ်းမှုမှ ယာယီကင်းလွတ်ခွင့်ပြုချက် (ခါလီဟိုးမဲန်း) ရထားသူ၊ ဖမ်းဆီးထိန်းသိမ်းမှုမှ ယာယီကင်းလွတ်ခွင့်ပြုချက် (ခါလီဟိုးမဲန်း) လျှောက်ထားဆဲဖြစ်သူတွေလည်း ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးထိုးခြင်းကို ခံယူနိုင်ပါတယ်။ ဆေးထိုးခြင်းမှာ အခမဲ့ဖြစ်ပါတယ်။ 1. ကာကွယ်ဆေးထိုးရန်「ဆက်ရှုကဲန် (ကူပွန်ကဲန်)」(ဆေးထိုးရန်လက်မှတ် (ကူပွန်စာရွက်)) ကို ရယူပါ။ နေထိုင်ရာ မြို့ရွာအုပ်ချုပ်ရေးရုံးနဲ့ ဆွေးနွေးတိုင်ပင်ပြီး ကာကွယ်ဆေးထိုးရန်လက်မှတ်ကို ရယူပါ။ ・၃လမကျော်တဲ့ နေထိုင်ခွင့်ဗီဇာ (ဇိုင်းလျူးရှိခါ့ကု) ရထားသူများ၊ “သံတမန် (ဂိုင်းကိုး)” ၊ “အစိုးရတာဝန် (ကိုးယော)” နဲ့ “ကာလတိုနေထိုင်ခွင့် (တန်းကီတိုင်းဇိုင်း)” ဗီဇာအမျိုးအစား ရထားသူများ (ကိုရိုနာဗိုင်းရပ်စ်ကြောင့်…

စားဝတ်နေရေး ပုံစံသစ် လုပ်ဆောင်နည်း

အစိုးရက ထုတ်ပြန်လိုက်တဲ့ “ စားဝတ်နေရေး ပုံစံသစ် လုပ်ဆောင်နည်း” နဲ့ ပတ်သက်ပြီး စုစည်းတင်ပြလိုက်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် အမျိုးအစားသစ်ရဲ့ ရောဂါ ပျံ့နှံ့မှုမဖြစ်စေဖို့ နေ့စဉ် သွားလာနေထိုင်ရာမှာ ဘယ်လို အချက်တွေကို သတိထားသင့်သလဲဆိုတာ ရေးထားပါတယ်။ ရောဂါ မဖြစ်ပွားစေဖို့/ တခြားလူတွေကို မကူးစက်စေဖို့ အထောက်အကူအဖြစ် အသုံးပြုကြပါ။ (※နောက်ပိုင်းမှာ အနေအထားအလိုက် အကြောင်းအရာတွေ ပြောင်းလဲတာလည်း ရှိနိုင်ပါတယ်။) ➀  ကူးစက်မှုတားဆီးရေးအတွက် အရေးပါသောအချက်များ   1、တခြားလူအနား မကပ်ပါနဲ့။ ၂ မီတာ ခွာပါ 2、ပါးစပ်နဲ့…

ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးထိုးရန် လုပ်ဆောင်ပုံအဆင့်များ

ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးထိုးခြင်းကို အခမဲ့ ခံယူနိုင်ပါတယ်။ ဖမ်းဆီးထိန်းသိမ်းမှုမှ ယာယီကင်းလွတ်ခွင့်ပြုချက် (ခါလီဟိုးမဲန်း) ရှိသူစတဲ့ နေထိုင်သူစာရင်း (ဂျူးမင်းဟျော) မရှိတဲ့ နိုင်ငံခြားသားတွေလည်း ဆေးထိုးမှု ခံယူနိုင်ပါတယ်။ ❶ ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့ကနေ “ 「ဆက်ရှုကဲန် (ကူပွန်ကဲန်)」(ဆေးထိုးရန်လက်မှတ် (ကူပွန်စာရွက်))” နဲ့ “ ကိုရိုနာဗိုင်းရပ်စ် အမျိုးအစားသစ် ကာကွယ်ဆေးထိုးရန် အသိပေးစာ” ရောက်လာပါမယ် ဆေးထိုးရန်လက်မှတ် လက်ခံရရှိတဲ့ ကာလဟာ မြို့ရွာအလိုက်၊ အသက်အရွယ်အလိုက် ကွဲပြားပါတယ်။ နေထိုင်သူစာရင်း မရှိတဲ့ နိုင်ငံခြားသားအနေနဲ့ မိမိရဲ့လိပ်စာကို အတည်ပြုနိုင်တဲ့အရာကို ပြပြီး နေထိုင်ရာ…

အခက်အခဲတွေ့ချိန်မှာ ဆွေးနွေးတိုင်ပင်နိုင်တဲ့ နေရာ (စားဝတ်နေရေး၊ အလုပ်အကိုင်၊ ငွေကြေး၊ နေထိုင်ခွင့်ဗီဇာ)

ပိုက်ဆံမရှိလို့ စားဝတ်နေရေး အခက်တွေ့တာ၊ စိတ်ပိုင်းဆိုင်ရာ ပူပန်စရာ ရှိတာ၊ အခွန်၊ ပင်စင်နဲ့ ကျန်းမာရေးအာမခံ ငွေပေးချေမှုတွေကို ကောင်းကောင်းနားမလည်တာစတဲ့ ဂျပန်က စားဝတ်နေရေးအခက်အခဲတွေ၊ နားမလည်တာတွေကို ဆွေးနွေးတိုင်ပင်နိုင်ပါတယ်။ မြန်မာဘာသာစကားနဲ့ လုပ်ဆောင်ပေးတဲ့ နေရာတွေကို မိတ်ဆက်ပေးပါမယ်။ တခြားဘာသာစကားတွေရဲ့ နေရာလမ်းညွှန်ကတော့ → https://tcc117.jp/facil/consult.html ●နိုင်ငံခြားသားနေထိုင်မှုထောက်ပံ့ရေးစင်တာ FRESC အကူအညီပေးကောင်တာ(တယ်လီဖုန်း) ကိုရိုနာဗိုင်းရပ်စ်အမျိုးအစားသစ် သက်ရောက်မှုကြောင့်ဖြစ်နေတဲ့ အခက်အခဲတွေကို ဆွေးနွေးတိုင်ပင် နိုင်ပါတယ်။ ဖုန်းနံပါတ်။ ။ 0120-76-2029 (အခမဲ့) တနင်္လာမှ သောကြာနေ့ မနက် ၉နာရီမှ ညနေ…

အထက်တန်းကျောင်းလခ ထောက်ပံ့ရေး စနစ်

အထက်တန်းကျောင်းစသည်များ၏ ကျောင်းလခအတွက် အစိုးရက ထောက်ပံ့ကူညီသည့်စနစ် ဖြစ်သည်။ အစိုးရပိုင် အထက်တန်းကျောင်း။ ။ ၁နှစ်လျှင် ယန်း ၁၁၈,၈၀၀ အထိ ထောက်ပံ့မှု ရနိုင်ပါသည်။ →ပေးဆောင်ရမည့် ကျောင်းလခ သုည ဖြစ်လာပါမည်။ ပုဂ္ဂလိက အထက်တန်းကျောင်း။ ။ ၁နှစ်လျှင် ယန်း ၁၁၈,၈၀၀ မှ ၃၉၆,၀၀၀ အထိ ထောက်ပံ့မှု ရနိုင်ပါသည်။ →ပေးဆောင်ရမည့် ကျောင်းလခမှာ အနည်းငယ် ရှိနိုင်ပါသည် (ပေးဆောင်ရမည့် ငွေပမာဏသည် အုပ်ထိန်းသူ၏ ဝင်ငွေအပေါ်မူတည်၍ ကွဲပြားပါသည်) အစိုးရထံမှ ကျောင်းသို့…