ကိုရိုနာဗိုင်းရပ်စ် အမျိုးအစားသစ်ကြောင့် အလုပ်လက်မဲ့ဖြစ်ရသူများ၊ အလုပ်သို့ မသွားနိုင်သူများ၏ နေထိုင်ခွင့်ဗီဇာ (ဇိုင်းလျူး ရှီခတ်ခု) နှင့် ပတ်သက်၍

エンジニア写真

၁။ အလုပ်လုပ်ဖို့ နေထိုင်ခွင့်ဗီဇာ ရှိထားသူတွေထဲက အောက်ဖော်ပြပါ အနေအထားရှိသူတွေဟာ

လက်ရှိ နေထိုင်ခွင့်ဗီဇာနဲ့ ဂျပန်မှာ နေထိုင်နိုင်ပါတယ်။

(က) ယခင် ကုမ္ပဏီမှ အလုပ်ဖြုတ်ခံရပြီး အလုပ်သစ် ရှာဖွေလိုသူ

(ခ) ကုမ္ပဏီမှ နေအိမ်တွင် နေရန် ပြောထားသော်လည်း အလားတူအလုပ်ကို ပြန်လည်လုပ်ကိုင်လိုသူ

(ဂ) ကုမ္ပဏီမှ အလုပ်လုပ်သည့် အချိန်ကို လျှော့ချခံရသော်လည်း လက်ရှိအလုပ်ကို ဆက်လက်လုပ်ကိုင်လိုသူ

(ဃ) အထက်ပါ (က) မှ (ဂ) အထိ နှင့် အလားတူ အခြေအနေရှိသူ

ကန့်သတ်ချက်ကျော်လွန် လှုပ်ရှားမှု (ရှီခတ်ခု ဂိုင်း ခတ်ဆူဒိုး)

<လက်ရှိ နေထိုင်ခွင့်ဗီဇာနှင့် ကွဲပြားသည့် အလုပ်လုပ်ခြင်း> ကို ခွင့်ပြုချက် လျှောက်ထားနိုင်ပါတယ်။

ကုမ္ပဏီဘက်က အနေအထားကြောင့် အထက်ပါ (က) မှ (ဃ) လို အခြေအနေ ဖြစ်လာခဲ့တာကို

သိနိုင်တဲ့ စာရွက်စာတမ်းကို တင်ပြပါ။ ကန့်သတ်ချက်ကျော်လွန် လှုပ်ရှားမှုကို ၆လတာ လုပ်ဆောင်နိုင်ပါတယ်။

(အဲဒီထက်စောပြီး နေထိုင်ခွင့်ကာလ ကုန်ဆုံးမယ့်သူတွေ ကတော့ နေထိုင်ခွင့်ကာလရဲ့

နောက်ဆုံးနေ့အထိ လုပ်ဆောင်နိုင်ပါတယ်။)

၂။ အထက်ပါ ၁။ နဲ့ကိုက်ညီသူဟာ နေထိုင်ခွင့်ကာလ ကုန်ဆုံးတဲ့အချိန်မှာ

“ အထူးသတ်မှတ်ထားတဲ့လှုပ်ရှားမှု (တိုကုတေး ခတ်ဆူဒိုး)”

လို့ခေါ်တဲ့ နေထိုင်ခွင့်ဗီဇာ အသစ်ကို ရယူနိုင်ပါသည်။

ကုမ္ပဏီဘက်က အနေအထားကြောင့် အထက်ပါ (က) မှ (ဃ) လို အခြေအနေ ဖြစ်လာခဲ့တာကို

သိနိုင်တဲ့ စာရွက်စာတမ်းကို တင်ပြပါ။

ကန့်သတ်ချက်ကျော်လွန် လှုပ်ရှားမှု ခွင့်ပြုချက် လျှောက်ထားနိုင်ပါတယ်။

ကန့်သတ်ချက်ကျော်လွန် လှုပ်ရှားမှုကို ၆လတာ လုပ်ဆောင်နိုင်ပါတယ်။

(အဲဒီထက်စောပြီး နေထိုင်ခွင့်ကာလ ကုန်ဆုံးမယ့်သူတွေ ကတော့ နေထိုင်ခွင့်ကာလရဲ့

နောက်ဆုံးနေ့အထိ လုပ်ဆောင်နိုင်ပါတယ်။)

ကိုရိုနာဗိုင်းရပ်စ် အမျိုးအစားသစ်ကြောင့် အလုပ်မလုပ်နိုင်တဲ့သူအနေနဲ့ နေထိုင်ခွင့်ကာလကို

သက်တမ်းတိုးနိုင်ပါတယ်။ (၆လတာ)

(မှတ်ချက်) အောက်ပါပုဂ္ဂိုလ်တွေကတော့ လက်ရှိ နေထိုင်ခွင့်ဗီဇာအတိုင်း

နေထိုင်ခွင့်ကာလကို သက်တမ်းတိုးနိုင်ပါတယ်။ (၁နှစ်တာ)

・နေထိုင်ခွင့်ဗီဇာ ကုန်ဆုံးချိန်မှာ ကျန်သေးတဲ့ စောင့်ဆိုင်းကာလ (နေအိမ်ပဲမှာနေရတဲ့ကာလ)

၁လ အောက် ရှိသူ။

・အလုပ်လုပ်တဲ့အချိန်က အိမ်မှာနေဖို့ အပြောခံရတဲ့ အချိန်ထက် ရှည်လျားသူ။

၃။ သတိချပ်ရန် အချက်များ။

(က) “ အထူးသတ်မှတ်ထားတဲ့လှုပ်ရှားမှု” နေထိုင်ခွင့်ဗီဇာ ရသူက နောက်တစ်ကြိမ် ပုံမှန်အတိုင်း

အလုပ်လုပ်မယ်ဆိုရင် ချက်ခြင်းပဲ နေထိုင်ခွင့်ဗီဇာ ပြောင်းလဲလျှောက်ထားပါ။

(ခ) ကန့်သတ်ချက်ကျော်လွန် လှုပ်ရှားမှု ခွင့်ပြုချက်ကို လျှောက်ထားသူဟာ ကုမ္ပဏီရဲ့ ခွင့်ပြုချက်ကို

ရယူဖို့ လိုပါတယ်။ ဒီခွင့်ပြုချက် လျှောက်မယ်ဆိုတာ ကုမ္ပဏီကို မဖြစ်မနေ အသိပေးပါ။

(ခွင့်ပြုချက်ရထားကြောင်း လျှောက်လွှာတင်ချိန်မှာ ပြောပြပါ။)

(ဂ) နည်းပညာပိုင်းဆိုင်ရာအလုပ်သင်တွေကတော့ အထက်ပါအချက်တွေအတိုင်း မလုပ်နိုင်ပါ။

နေထိုင်ခွင့်ဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေနဲ့ ပတ်သက်ပြီး ဘာသာစကားပေါင်းစုံနဲ့ ဆွေးနွေးတိုင်ပင်နိုင်ပါတယ်။

http://www.immi-moj.go.jp/info/index.html

(လူဝင်မှုကြီးကြပ်ရေး ဝန်ဆောင်မှု ဗျူရို အင်တာနက်စာမျက်နှာ)

ကိုးကားချက်:

新型コロナウイルス感染症の感染拡大の影響による雇用状況の悪化のため解雇,雇い止め,自宅待機等となった方
について(出入国在留管理庁 2020 年 6 月 1 日 )
http://www.moj.go.jp/content/001320730.pdf

この記事を他の言語で見る
アラビア語 インドネシア語 英語
韓国語 スペイン語 タイ語
タガログ語 中国語 日本語
ネパール語 ビルマ語 ベトナム語
ポルトガル語