![အလုပ်အကိုင်ရှာဖွေသူထောက်ပံ့ရေးစနစ် (ကယူးရှောကုရှ ရှိအဲန်း စေးအိဒို) ရှိပါတယ်!](https://tcc117.jp/facil/covid-ml-info/wp-content/uploads/2021/11/3591861_s-150x150.jpg)
အလုပ်အကိုင်ရှာဖွေသူထောက်ပံ့ရေးစနစ် (ကယူးရှောကုရှ ရှိအဲန်း စေးအိဒို) ရှိပါတယ်!
“အလုပ်အကိုင်ရှာဖွေသူထောက်ပံ့ရေးစနစ်” ဆိုတာ အလုပ်လက်မဲ့အာမခံ (ခေါ့ယိုဟို့ကင်) ကို မရနိုင်သူတွေ မြန်မြန်ဆန်ဆန် အလုပ်အကိုင်ရှာဖွေတွေ့ရှိနိုင်အောင် အစိုးရက ကူညီပေးတဲ့ စနစ်ဖြစ်ပါတယ်။ ※ ပိုပြီး အသေးစိတ်သိချင်သူတွေအနေနဲ့ မိမိနေထိုင်ရာ မြို့ရွာရဲ့ ဟလိုဝါ့ခုမှာ မေးမြန်းကြပါ။ ●ထောက်ပံ့မှုရယူရေး လိုအပ်ချက်များ အောက်ပါ ①~④ အထိ အလုံးစုံ ① ဟလိုဝါ့ခုမှာ အလုပ်အကိုင်ရှာဖွေရေး လျှောက်ထားခြင်း ② အလုပ်လက်မဲ့အာမခံ ဝင်မထားဘဲ၊ အလုပ်လက်မဲ့ထောက်ပံ့ကြေး (ရှီဆုဂယော ကယူးဖု) ရယူထားမှု မရှိခြင်း ③ အလုပ်လုပ်ချင်တဲ့ ဆန္ဒနဲ့ လုပ်နိုင်တဲ့…