ကိုရိုနာဗိုင်းရပ်စ်(Covid-19)ကြောင့် အလုပ်လက်မဲ့ဖြစ်တဲ့အလုပ်သင်လုပ်သားများနဲ့ကျွမ်းကျင်လုပ်သားများကတော့
သူတို့အခုလုပ်နေတဲ့အလုပ်နဲ့ကွဲပြားတဲ့အလုပ်မျိုးကိုလုပ်နိင်တယ်ဆိုတဲ့စည်းမျဥ်းအသစ်က စတင်အတည်ဖြစ်လာပါပြီ။
ဂျပန့်လူဝင်မှုကြီးကြပ်ရေးဌာနက ဧပြီလ ၂၀ရက်နေ့ကနေ ဒီစည်းမျဥ်းအသစ်ကို စတင်ကျင့်သုံးနေပါတယ်။
အရင်ကတော့ အလုပ်သင်လုပ်သားများနဲ့ကျွမ်းကျင်လုပ်သားများက ဂျပန်မှာလုပ်နိုင်တဲ့အလုပ်ရဲ့အမျိုးအစားအပေါ်မှာ
ကန့်သတ်ချက်တွေရှိပါတယ်။ အဲဒီလိုသတ်မှတ်ထားတဲ့အလုပ်အပြင် ဘာအလုပ်မျိုးမှ လုပ်ခွင့်မရှိပါဘူး။
စည်းမျဥ်းအသစ်အရဆိုရင် ကိုရိုနာဗိုင်းရပ်စ်(Covid-19)ကြောင့်
အလုပ်ပြုတ်တဲ့အလုပ်သင်လုပ်သားများနဲ့ကျွမ်းကျင်လုပ်သားများ
ဟာ အလုပ်အမျိုးအစားကိုပြောင်းလဲပြီး အလုပ်သစ်ကိုရွေးချယ်လုပ်ဆောင်နိုင်ပါတယ်။
အလုပ်သစ်ရရှိပြီဆိုရင် မိမိတို့ဗီဇာအမျိုးအစားက 「အထူးသတ်မှတ်ထားတဲ့လှုပ်ရှားမှု」ဆိုတဲ့အရည်အချင်းကိုပြောင်းလဲပါတယ်။
ဒီအရည်အချင်းသစ်နဲ့ တစ်နှစ်တာ အလုပ်လုပ်နိုင်ပါတယ်။
လူဝင်မှုကြီးကြပ်ရေးဌာနဟာ ဂျပန်မှာအလုပ်လုပ်ချင်သေးတဲ့အလုပ်သင်လုပ်သားများ၊ကျွမ်းကျင်လုပ်သားများက
အလုပ်သစ်တွေရှာဖွေတွေ့ရှိနိုင်ဖို့ အကူအညီပေးသွားပါမယ်။。
စိုက်ပျိုးရေး၊သက်ကြီးရွယ်အိုတွေပြုစုစောင့်ရှောက်မှု စတဲ့ကုမ္ပဏီတွေ(လုပ်ငန်းရှင်တွေ)က လုပ်သားများလိုနေပါတယ်။
အဲဒီလုပ်ငန်းရှင်တွေနဲ့ ချိတ်ဆက်မိတ်ဆက်ပေးပါမယ်။
ပထမဦးစွာ မိမိတို့က 「ဂျပန်မှာအလုပ်သစ်ရှာနေတယ်」ဆိုတဲ့အကြောင်းကို、「
နိုင်ငံခြားသားအလုပ်သင်လုပ်သားများအဖွဲ့အစည်း」ဒါမဟုတ်「လူဝင်မှုကြီးကြပ်ရေးဌာန」
ကိုအကြောင်းကြားပြီးတိုင်ပင်ဆွေးနွေးပါ။
အဲဒီအခါမှာ အခုခင်ဗျားတို့အလုပ်လုပ်နေတဲ့ကုမ္ပဏီတွေ၊တာဝန်ရှိကြီးကြပ်ရေးအဖွဲ့တွေက သေချာပေါက်ကူညီပေးမှာဖြစ်ပါတယ်။
မူရင်းသတင်းဆောင်းပါးတွေ
https://digital.asahi.com/articles/ASN4K65XVN4KUTIL00P.html
(やさしい日本語ニュース/withhnews・朝日新聞2020年4月18日)
URL: https://www.facebook.com/yasashiinews/posts/215082356600586?__tn__=-R