*ဤသည်မှာ ၂၀၂၀ပြည့်နှစ် အောက်တိုဘာလ ၁၉ရက်နေ့အချိန်တွင် ရှိသည့်အချက်အလက်များဖြစ်သည်။
မိခင်နိုင်ငံသို့ မပြန်နိုင်သူ/ ဆက်လက်၍ အလုပ်မသင်နိုင်သူ
◆“ အထူးသတ်မှတ်ထားသည့် လှုပ်ရှားမှု (တိုကုတဲအိ ခတ်ဆုဒိုး) (၆လတာ၊ အလုပ်လုပ်နိုင်)” “ သို့မဟုတ်” အထူးသတ်မှတ်ထားသည့် လှုပ်ရှားမှု (၆လတာ၊ အလုပ်မလုပ်နိုင်)” နေထိုင်ခွင့်ဗီဇာသို့ ပြောင်းလဲနိုင်သည်။
-မပြန်နိုင်သည့်အနေအထား ဆက်ဖြစ်နေသူသည် နေထိုင်ခွင့်ဗီဇာကို အသစ်ပြင်နိုင်သည်။
အလုပ်ရှာတွေ့ချိန်တွင် “ အထူးသတ်မှတ်ထားသည့် လှုပ်ရှားမှု (၆လတာ၊ အလုပ်လုပ်နိုင်)” သို့ နေထိုင်ခွင့်ဗီဇာ အမျိုးအစား ပြောင်းလဲနိုင်ပါသည်။
●အလုပ်သင်သင်တန်း ပြီးဆုံးပြီးနောက် မိခင်နိုင်ငံသို့ မပြန်နိုင်သူ
◆အလုပ်သင်ရန်နေရာသစ် ရှာမတွေ့သည့်အခါ၊
“ အထူးသတ်မှတ်ထားသည့် လှုပ်ရှားမှု (အများဆုံး ၁နှစ်တာ၊ အလုပ်လုပ်နိုင်)” သို့ နေထိုင်ခွင့်ဗီဇာ ပြောင်းလဲနိုင်သည်။
-ယခင် အလုပ်သင်ခဲ့သည့်အမျိုးအစားနှင့် မတူသည့် အလုပ်တာဝန် (လူမမာပြုစုစောင့်ရှောက်ရေးနှင့် စိုက်ပျိုးမွေးမြူရေး စသည့် နယ်ပယ် ၁၄မျိုးသာ) ကို လုပ်ဆောင်နိုင်ပါသည်။
*” ကျွမ်းကျင်လုပ်သား” (တိုကုတဲအိ ဂိနို)နေထိုင်ခွင့်ဗီဇာဖြင့် အလုပ်လုပ်နိုင်သည့် ကျွမ်းကျင်မှုကို ပိုင်ဆိုင်နိုင်ရန်အတွက် အလုပ်ကို ဆက်လက် လုပ်ကိုင်သူများသာ စသည့် ကန့်သတ်ချက်များ ရှိပါသည်။
အောက်ပါ အင်တာနက်စာမျက်နှာတွင် ဘာသာစကားအချို့ဖြင့် ရှင်းလင်းချက်များ ရှိပါသည်။
http://www.moj.go.jp/isa/nyuukokukanri14_00008.html
(ဂျပန်ဘာသာ၊ လွယ်ကူသော ဂျပန်ဘာသာ၊ အင်္ဂလိပ်၊ တရုတ်၊ ဗီယက်နမ်၊ တာဂါလော့၊ ပေါ်တူဂီ၊ နီပေါ၊ အင်ဒိုနီးရှား၊ စပိန် ဘာသာများ)
ဂျပန်တွင် အလုပ်သင်လုပ်သားအဖြစ် ဆက်လက် လုပ်ဆောင်မည့်သူ
◆စာမေးပွဲကို ဖြေဆိုပြီး နောက်တစ်ဆင့်တက်နိုင်သည်အထိ “ အထူးသတ်မှတ်ထားသည့် လှုပ်ရှားမှု (၄လတာ၊ အလုပ်လုပ်နိုင်)” နေထိုင်ခွင့်ဗီဇာသို့ ပြောင်းလဲနိုင်ပါသည်။
*ယခင် အလုပ်သင်ခဲ့သည့် နေရာတွင် တူညီသည့် လုပ်ငန်းတာဝန်ကို လုပ်ရန်သာလိုအပ်သည်။
◆ကြိုတင်ပြင်ဆင်နေသည့် ကာလ အတွင်း “ အထူးသတ်မှတ်ထားသည့် လှုပ်ရှားမှု (၄လတာ၊ အလုပ်လုပ်နိုင်)” နေထိုင်ခွင့်ဗီဇာသို့ ပြောင်းလဲနိုင်ပါသည်။
(ကြိုတင်ပြင်ဆင်မှု ပြီးဆုံးသူသည် “ ကျွမ်းကျင်လုပ်သား အမှတ် ၁” နေထိုင်ခွင့်ဗီဇာ သို့ ပြောင်းလဲနိုင်ပါသည်။)
*ယခင် အလုပ်သင်ခဲ့သည့် နေရာတွင် တူညီသည့် လုပ်ငန်းတာဝန်ကို လုပ်ရန်သာလိုအပ်သည်။
◆” အလုပ်သင်လုပ်သား အမှတ် ၃” နေထိုင်ခွင့်ဗီဇာ သို့ ပြောင်းလဲနိုင်ပါသည်။
*ကြီးကြပ်ရေးအဖွဲ့အစည်း (ခန်းလီ ဒန်းတိုင်း) (အလုပ်သင်မှုကို ထောက်ပံ့ပေးသည့် အဖွဲ့အစည်း) နှင့် အလုပ်သင်ပေးနေသည့် ကုမ္ပဏီက “ ထူးချွန်(အထူးကောင်းမွန်)” သည်ဟု အသိအမှတ်ပြုခံရသည့်အခါတွင်သာဖြစ်သည်။ ကုမ္ပဏီနှင့် ကြီးကြပ်ရေးအဖွဲ့အစည်းများတွင် မေးမြန်းစုံစမ်းပါ။
နေထိုင်ခွင့်ဗီဇာ နှင့်ပတ်သက်၍ ဘာသာစကားအမျိုးမျိုးဖြင့် တိုင်ပင်ဆွေးနွေးနိုင်သည့်နေရာ
ဒေသဆိုင်ရာ ဘာသာစကားပေါင်းစုံ တိုင်ပင်ဆွေးနွေးရေးကောင်တာ
http://www.clair.or.jp/j/multiculture/association/consultation_list.html
Yorisoi Hotline (ယောလိစိုးအိ ဟော့တ်လိုင်း)
https://www.since2011.net/yorisoi/
နိုင်ငံခြားသား နည်းပညာ အလုပ်သင်တန်း ကြီးကြပ်ရေးကော်မတီ မိခင်ဘာသာဖြင့်တိုင်ပင်ဆွေးနွေးမှု
https://www.otit.go.jp/
မှီငြမ်း/ကိုးကား
“ မိခင်နိုင်ငံသို့ပြန်ရန် ခက်ခဲနေသည့် နိုင်ငံခြားသားများအတွက်သာဖြစ်သော ကိုင်တွယ်မှု”
(လူဝင်မှုကြီးကြပ်ရေးဌာန ၂၀၂၀ပြည့်နှစ် အောက်တိုဘာလ ၁၉ရက်နေ့ အသစ်ပြင်ဆင်ချက်)
http://www.moj.go.jp/isa/content/930005847.pdf
→ဘာသာစကားပေါင်းစုံ စာမျက်နှာ
http://www.moj.go.jp/isa/nyuukokukanri01_00155.html
“ ကိုရိုနာဗိုင်းရပ်စ် အမျိုးအစားသစ် ကူးစက်မှု ဂယက်ကြောင့် မိခင်နိုင်ငံသို့ပြန်ရန် ခက်ခဲနေသည့် ကာလလတ်၊ အချိန်ရှည် နေထိုင်သူနှင့် ယခင်က ကာလလတ်-အချိန်ရှည်နေထိုင်ခဲ့သူ၏ နေထိုင်ခွင့်လျှောက်ထားခြင်းကို ကိုင်တွယ်မှုနှင့်ပတ်သက်၍” (လူဝင်မှုကြီးကြပ်ရေးဌာန ၂၀၂၀ပြည့်နှစ် အောက်တိုဘာလ ၁၉ရက်နေ့ အသစ်ပြင်ဆင်ချက်)
http://www.moj.go.jp/content/001320105.pdf
“ ကိုရိုနာဗိုင်းရပ်စ် အမျိုးအစားသစ် ကူးစက်မှု ကျယ်ပြန့်လာခြင်းစသည်များ ခံစားရသည့် အလုပ်သင်လုပ်သားများ၏ နေထိုင်မှုလျှောက်ထားမှုဆိုင်ရာ သဘောထားနှင့် ပတ်သက်၍”
(လူဝင်မှုကြီးကြပ်ရေးဌာန ၂၀၂၀ပြည့်နှစ် စက်တင်ဘာလ ၇ရက်နေ့ အသစ်ပြင်ဆင်ချက်)
http://www.moj.go.jp/content/001317458.pdf
“ လူဝင်မှုကြီးကြပ်ရေးဌာန (လဝက ၊ Immigration Services Agency) ထံမှ အလုပ်သင်လုပ်သားများသို့ အသိပေးချက်”
(လူဝင်မှုကြီးကြပ်ရေးဌာန ၂၀၂၀ပြည့်နှစ် စက်တင်ဘာလ ၇ရက်နေ့ အသစ်ပြင်ဆင်ချက်)
http://www.moj.go.jp/content/001318821.pdf
“ အလုပ်ထုတ်ခံရသည် နိုင်ငံခြားသားများသို့ အလုပ်ဆက်လက် လုပ်ကိုင်နိုင်ရေးထောက်ပံ့မှုကို မိတ်ဆက်ပေးခြင်း”
(လူဝင်မှုကြီးကြပ်ရေးဌာန)
http://www.moj.go.jp/content/001328029.pdf
→ဘာသာစကားပေါင်းစုံ စာမျက်နှာ
http://www.moj.go.jp/isa/nyuukokukanri14_00008.html