အခက်အခဲတွေ့ချိန်မှာ ဆွေးနွေးတိုင်ပင်နိုင်တဲ့ နေရာ (စားဝတ်နေရေး၊ အလုပ်အကိုင်၊ ငွေကြေး၊ နေထိုင်ခွင့်ဗီဇာ)

ပိုက်ဆံမရှိလို့ စားဝတ်နေရေး အခက်တွေ့တာ၊ စိတ်ပိုင်းဆိုင်ရာ ပူပန်စရာ ရှိတာ၊
အခွန်၊ ပင်စင်နဲ့ ကျန်းမာရေးအာမခံ ငွေပေးချေမှုတွေကို ကောင်းကောင်းနားမလည်တာစတဲ့
ဂျပန်က စားဝတ်နေရေးအခက်အခဲတွေ၊ နားမလည်တာတွေကို ဆွေးနွေးတိုင်ပင်နိုင်ပါတယ်။

မြန်မာဘာသာစကားနဲ့ လုပ်ဆောင်ပေးတဲ့ နေရာတွေကို မိတ်ဆက်ပေးပါမယ်။
တခြားဘာသာစကားတွေရဲ့ နေရာလမ်းညွှန်ကတော့ → https://tcc117.jp/facil/consult.html

●နိုင်ငံခြားသားနေထိုင်မှုထောက်ပံ့ရေးစင်တာ FRESC အကူအညီပေးကောင်တာ(တယ်လီဖုန်း)

ကိုရိုနာဗိုင်းရပ်စ်အမျိုးအစားသစ် သက်ရောက်မှုကြောင့်ဖြစ်နေတဲ့ အခက်အခဲတွေကို ဆွေးနွေးတိုင်ပင် နိုင်ပါတယ်။
ဖုန်းနံပါတ်။ ။ 0120-76-2029 (အခမဲ့)
တနင်္လာမှ သောကြာနေ့ မနက် ၉နာရီမှ ညနေ ၅နာရီ
(စနေ၊ တနင်္ဂနွေ၊ အများပြည်သူအားလပ်ရက်တွေ မှာ ပိတ်ပါတယ်)

အောက်က အင်တာနက်စာမျက်နှာမှာလည်း ရှင်းလင်းချက်ရှိပါတယ်။
http://www.moj.go.jp/isa/content/930006216.pdf

●အနီးပတ်ဝန်းကျင်မှ ဒေသန္တရ နိုင်ငံတကာဆက်ဆံရေးဆိုင်ရာ ကောင်စီ

အောက်က အင်တာနက်စာမျက်နှာကနေ ရှာနိုင်ပါတယ်။
(ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့များ၏ နိုင်ငံတကာ ဆက်ဆံရေးဆိုင်ရာ ကောင်စီ/ စာရင်းက ဂျပန်၊ အင်္ဂလိပ် ဘာသာတွေနဲ့ ဖြစ်ပါတယ်)
ဂျပန်ဘာသာစာရင်း။ ။ http://www.clair.or.jp/j/multiculture/association/consultation_list.html
အင်္ဂလိပ်ဘာသာစာရင်း။ ။ http://www.clair.or.jp/e/multiculture/tagengo/consultation-centers.html
※လုပ်ဆောင်ပေးနိုင်တဲ့ ဘာသာစကားကတော့ ကောင်တာအလိုက်မတူပါဘူး။

●အနီးပတ်ဝန်းကျင်မှ အစိုးရမဟုတ်သည့် အဖွဲ့အစည်း NGO စသည်များ၏ ကောင်တာ

အောက်က အင်တာနက်စာမျက်နှာကနေ ရှာနိုင်ပါတယ်။
(ပြောင်းရွှေ့နေထိုင်သူများနှင့် စည်းလုံးရေး ကွန်ရက် ဂျပန်/ စာရင်းက ဂျပန်၊ အင်္ဂလိပ် ဘာသာစကားတွေ တွဲနေပါတယ်)
https://migrants.jp/network.html
※လုပ်ဆောင်ပေးနိုင်တဲ့ ဘာသာစကားကတော့ ကောင်တာအလိုက်မတူပါဘူး။

ပိုပြီး အသေးစိတ် ဆွေးနွေးချင်တယ်ဆိုရင်တော့ အောက်မှာ ဖော်ပြထားတဲ့ အကြောင်းအရာအလိုက် သီးခြားခွဲထားတဲ့ ကောင်တာတွေလည်း ရှိပါတယ်။

【အလုပ်ပြုတ်ပြီး အလုပ်လက်မဲ့ဖြစ်တဲ့အခါ၊ အလုပ်ခွင်မှာ အခက်အခဲတွေ့တဲ့အခါ】
・အထူးသဖြင့် လုပ်ငန်းခွင်အခြေအနေစတာတွေကို ဆွေးနွေးချင်တဲ့အခါ

●နိုင်ငံခြားသားအလုပ်သမားများအတွက်ဆွေးနွေးတိုင်ပင်ရန်ဌာန
(ကျန်းမာရေး၊ အလုပ်သမားရေးနှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန) (တယ်လီဖုန်း)

ဖုန်းနံပါတ်။ ။ 0570-001-707 (ဖုန်းပြောခ ပေးရပါမယ်)
တနင်္လာနေ့ မနက် ၁၀နာရီမှ မွန်းလွဲ ၃နာရီ (နေ့လယ် ၁၂နာရီမှ ၁နာရီ မှအပ)
(နှစ်သစ်ကူးကာလမှာ ပိတ်ပါတယ်)

●လုပ်ငန်းခွင်အခြေအနေတိုင်ပင်ဆွေးနွေးရေး Hot line
(ကျန်းမာရေး၊ အလုပ်သမားရေးနှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန) (တယ်လီဖုန်း)

ဖုန်းနံပါတ်။ ။ 0120-531-407 (အခမဲ့)
ဗုဒ္ဓဟူးနေ့ (ရုံးဖွင့်ရက်) ညနေ ၅နာရီမှ ည ၁၀နာရီ/
ဗုဒ္ဓဟူးနေ့ (အများပြည်သူအားလပ်ရက်) နဲ့ တနင်္ဂနွေနေ့ မနက် ၉နာရီမှ ည ၉နာရီ
(နှစ်သစ်ကူးကာလမှာ ပိတ်ပါတယ်)<\p>

●နေထိုင်ရာ ရပ်ရွာရဲ့ နိုင်ငံခြားအလုပ်သမား ညှိနှိုင်းရေးဌာန

အောက်က အင်တာနက်စာမျက်နှာမှာ ရှာဖွေနိုင်ပါတယ်။
https://www.check-roudou.mhlw.go.jp/pdf/foreigner_mmr.pdf

လုပ်ငန်းခွင်အခြေအနေစတာတွေအတွက် ဆွေးနွေးတာကိုတော့
အောက်က အင်တာနက်စာမျက်နှာမှာလည်း ရှင်းပြချက်ရှိပါတယ်။
https://www.check-roudou.mhlw.go.jp/soudan/foreigner_mmr.html

・အလုပ်သင်တန်းမှာ အခက်အခဲတွေ့တဲ့အခါ

●နိင်ငံခြားသား နည်းပညာ အလုပ်သင်တန်း ကြီးကြပ်ရေး ကော်မတီ(OTIT)
မိခင်ဘာသာစကားဖြင့် တိုင်ပင်ဆွေးနွေးခြင်း

(အင်တာနက်စာမျက်နှာ၊ တယ်လီဖုန်း၊ စာ)

ဝက်ဘ်ဆိုက်မှာ တိုင်ပင်ဆွေးနွေးခြင်း ။ ။ ၂၄နာရီလုံး သုံးနိုင်ပါတယ်
(ဖုန်းနဲ့ တိုင်ပင်ဆွေးနွေးခြင်း အချိန်အတိုင်း လုပ်ဆောင်ပေးပါတယ်)။

ဖုန်းနံပါတ် ။ ။ 0120-250-302(အခမဲ့)
အင်္ဂါနေ့ နေ့လယ် ၁၁နာရီမှ ည ၇နာရီ (နှစ်သစ်ကူးကာလမှာ ပိတ်ပါတယ်)

စာ ။ ။ စာထဲမှာ ဆွေးနွေးတိုင်ပင်ချင်တဲ့ အကြောင်းအရာနဲ့ သင့်ရဲ့ လိပ်စာ၊ ဆက်သွယ်စေလိုတဲ့ နည်းလမ်းတွေကို ရေးပြီး အောက်က လိပ်စာဆီကို ပေးပို့ပါ။

Support Division, Technical Intern Training Department
Organization for Technical Intern Training
3F LOOP-X Building
3-9-15, Kaigan, Minato-ku, Tokyo
108-0022

အောက်က အင်တာနက်စာမျက်နှာမှာလည်း ရှင်းလင်းချက်ရှိပါတယ်။
https://www.support.otit.go.jp/soudan/mm/

この記事を他の言語で見る
インドネシア語 英語 韓国語
スペイン語 タイ語 タガログ語
中国語 ネパール語 ビルマ語
ベトナム語 ポルトガル語 クメール語
日本語